Cele News
အမြတ်တနိုးထားရတဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများထံ လှူဒါန်းပူဇော်ခဲ့တဲ့ အိမ့်ချစ်
အမြတ်တနိုးထားရတဲ့စေ့စပ်လက်စွပ်နှစ်ကွင်းကို မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများထံလှူဒါန်းပူဇော်ခဲ့တဲ့အိမ့်ချစ်
ဝါရင့်အဆိုတော်ဦးချစ်ကောင်းရဲ့အနုပညာအမွေတွေကိုဆက်ခံရရှိထားတဲ့အဆိုတော်အိမ့်ချစ်ကတော့ဂီတနယ်ပယ်မှာနေရာတခုရရှိနေပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အိမ့်ချစ်ကတော့သီချင်းကောင်းတွေကိုပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်သူတစ်ယောက်ပါ။အိမ့်ချစ်ကတော့မနှစ်ကဘဲခင်ပွန်းဖြစ်သူ ကို Eric နဲ့ရွှေလက်တွဲခဲ့ပြီးပရိသတ်တွေကအိမ့်ချစ်ရဲ့မဂ်လာသတင်းအတွက်ဝမ်းသားဂုဏ်ယူခဲ့ရတာဘဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့အိမ့်ချစ်ကသူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အမြတ်တနိုးတန်ဖိုးထားရတဲ့စေ့စပ်လက်စွပ်လေးနှစ်ကွင်းကိုလှူဒါန်းခဲ့ကြောင်းမွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သောအောင်သိဒ္ဓိဘုရားများကို၇ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီးကိုEric နဲ့အိမ့်ချစ်တို့ရဲစေ့စပ်လက်စွပ်နှစ်ကွင်းကိုလှူဒါန်းခဲ့ပါသည်နတ်လူသာဓုခေါ်စေသော်ဆိုပြီးသူမရဲကုသိုလ်လေးကိုပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့မျှဝေပေးလာခဲ့ပါတယ်။
အိမ့်ချစ်ကတော့သူမတို့ဇနီးမောင်နှံရဲတန်ဖိုးထားမြတ်နိုးရတဲ့စေ့စပ်လက်စွပ်လေးကိုဗုဒ္ဓရုပ်ပွားတော်မြတ်များဆီမှာလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအိမ့်ချစ်ရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
ဒီကနေ့မှာတော့အိမ့်ချစ်ကသူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အမြတ်တနိုးတန်ဖိုးထားရတဲ့စေ့စပ်လက်စွပ်လေးနှစ်ကွင်းကိုလှူဒါန်းခဲ့ကြောင်းမွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သောအောင်သိဒ္ဓိဘုရားများကို၇ကြိမ်မြောက်အိမ်သို့ပင့်ဆောင်ပူဇော်ပြီးကိုEric နဲ့အိမ့်ချစ်တို့ရဲ့စေ့စပ်လက်စွပ်နှစ်ကွင်းကိုလှူဒါန်းခဲ့ပါသည်နတ်လူသာဓုခေါ်စေသော်ဆိုပြီးသူမရဲ့ကုသိုလ်လေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့မျှဝေပေးလာခဲ့ပါတယ်။
Credit