Cele News

တစ်ရက်တည်းနဲ့ အလှူငွေသိန်းတစ်ထောင်ကျော်ရအောင် သူကိုယ်တိုင်နိဗ္ဗာန်ဆော်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူနေတဲ့ ပိုင်တံခွန်

တစ်ရက်တည်းနဲ့အလှူငွေသိန်းတစ်ထောင်ကျော်ရအောင် သူကိုယ်တိုင်နိဗ္ဗာန်ဆော်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူနေတဲ့ ပိုင်တံခွန်


ပိုင်တံခွန်ရဲ့ကသူရဟန်းဘဝရရှိခဲ့တဲ့ ဘုန်းကြီးကျောင်းလေးမှာသိမ်ကျောင်းတိုက်မရှိတာကြောင့်သိမ်ကျောင်းတိုက်ဆောက်ပေးဖို့အတွက်အလှူငွေကျပ်သိန်း ၁၀၀မတည်လှူဒါန်းခဲ့တဲ့အပြင်လှူဒါန်းလိုသောအလှူရှင်များနှင့် ပရိသတ်များလည်းပါဝင်လှူဒါန်းလိုကြောင်း အလှူနိဗ္ဗာန်နှိုးဆော်ခဲ့ရာပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့အလှူငွေဟာတရက်တည်းနဲ့  စုစုပေါင်းငွေကျပ်သိန်းတစ်ထောင့်ကျော်ကိုရှိနေခဲ့တာဘဲဖြစ်ပါတယ်။


ပိုင်တံခွန်ကသူရဲ့ဖေ့ဘုတ်စာမျက်နှာမှာကဲတစ်ရက်တည်းသိန်း၁ထောင်ကျော်ဗျာဝမ်းသာစရာကျွန်တော်တို့မြန်မာတွေမှာအရမ်းကိုလေးစားစရာကောင်းတဲ့စိတ်လေးတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့သဒ္ဓါတရားအခုလည်းကြည့်မနေ့ကသိမ်လေးဆောက်ချင်လို့ကျွန်တော့်အကောင့်မှာနိဗ္ဗာန်ဆော်လိုက်တာ

မြန်မာပြည်သူပြည်သားကျားမလူကြီးလူငယ်အားလုံးဝိုင်းလှူကြတာကြက်သီးတောင်ထမိတယ်။လေးလည်းလေးစားမိတယ်အခုဘဏ်ထဲမှာအတိအကျရခဲ့တဲ့အလှူငွေတရက်တည်းစုစုပေါင်းသိန်းတစ်ထောင့်တစ်ရာခြောက်သောင်းရှစ်ရာကိုးဆယ့်နှစ်(၁၁၀၀၆၀၈၉၂)ကျပ်ရရှိပါတယ်။ဘဏ်ထဲမဝင်သေးတဲ့တချို့အလှူရှင်တွေရဲ့အလှူငွေများစွာကျန်ပါသေးတယ်ခင်ဗျာ။


ကျန်တဲ့လှူဒါန်းချင်တဲ့လူတွေလည်းကျနော့်အလှူမှာပါဝင်လို့ရပါတယ်ခင်မျာဆရာတော်ရဲ့(ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊၁၃၁ရပ်ကွက်၊ရေသန့်လမ်း။)ကျောင်းမှာလည်းကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းလို့လည်းရပါတယ်ခင်ဗျာ။

ကျေးဇူးပြု၍လှူဒါန်းငွေများရင် KPay၊Waveတို့ကမလွှဲဘဲဘဏ်ထဲထည့်ပေးပါနော်ခင်ဗျာအလှူရှင်တွေအားလုံးကိုတစ်ဦးတစ်ယောက်ချင်းနာမည်ရေးပေးချင်သော်လည်းအရေအတွက်အရမ်းများတဲ့အတွက်အခုလိုစုပေါင်းဖော်ပြရတဲ့အတွက်လည်းနားလည်ပေးပါခင်ဗျာဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေအတွက်ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit