Cele News

ဘယ်တော့မှချစ်လို့မဝနိုင်တဲ့ အသည်းအသက်လေး ခေတ်နဲ့ သစ်အတွက် မေမေချစ်သုဝေရဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းလေး

ဘယ်တော့မှချစ်လို့မဝနိုင်တဲ့ အသည်းအသက်လေး ခေတ်နဲ့ သစ်အတွက် မေမေချစ်သုဝေရဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းလေး

အဆိုတော်တစ်ယောက်ဖြစ်သလိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ချစ်သုဝေကတော့အနုပညာနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေကတော့ အဆိုတော်လင်းလင်းနဲ့ဖူးစာဆုံပြီး ချစ်စရာအမွှားပူးသမီးလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ဒီကနေ့ဇန်နဝါရီလ(၁၉)ရက်နေ့ကတော့ ခေတ်နဲ့သစ်ရဲ့(၄)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပြီး ချစ်သုဝေကသမီးလေးတွေအတွက်အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေးပြောလာပါတယ်။

ချစ်သုဝေကအသည်းအသက်ကလေးတွေ ၄နှစ်ပြည့်ပြီသမီးလေးတွေနဲ့ပတ်သက်တဲ့အရာရာတိုင်းဟာမေမေ့အတွက်ဖြတ်သန်းလို့မဝနောင်တမရှိတဲ့အချိန်တွေအမှတ်တရတွေပဲမေမေရဲ့အချစ်တွေကိုအချိန်ပြည့်ခံစားပြီးပျော်ရွှင်တဲ့နွေးထွေးစာနာတဲ့နှလုံးသားနဲ့အကောင်းအဆိုးအကြောင်းအကျိုးဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာနဲ့ လောကရဲအကျိုးပြုနိုင်သူတွေဖြစ်ကြပါစေချစ်မဝပါဘူးမေမေ့ boss tote လေးနဲ့ little bossလေးရေ

ဒီနေ့မေမေလုပ်ပေးတဲ့ကိတ်လေးကိုစားရင်း Mommy is the best everမေမေလုပ်ပေးတာ စကြာဝဠာလောက်ကြီးအောင်မြင်တယ်လို့ပြောတော့ဒီအမေမှာမျက်ရည်ကလည်ပျော်မဆုံးပေါ့ကွယ်ဆိုပြီးသူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုတောင်းစကားလေးပြောလာတာပဲဖြစ်ပါတယ်။

ချစ်သုဝေကတော့သမီးလေးတွေကိုကိုယ်ဝန်လွယ်ဆောင်ထားရစဉ်ကတည်းကဒီနေ့ဒီအချိန်ထိအရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရပြီးသူမရဲ့အသက်ထက်တောင်ခေတ်နဲ့သစ်ကိုပိုပြီးမြတ်နိုးတန်ဖိုးထားသူလေးဖြစ်ပါတယ်။

ခေတ်လေးနဲ့သစ်လေးလည်းမေမေ၊ဖေဖေအားကိုးရတဲ့သမီးအလိမ္မာလေးတွေဖြစ်လာပါစေနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။