Cele News
မွေးနေ့အလှူလေးအဖြစ် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ (၅)သိန်းလှူဒါန်းခဲ့တဲ့ နော်ဖောအယ်ထား
မွေးနေ့အလှူလေးအဖြစ်ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာ(၅)သိန်းလှူဒါန်းခဲ့တဲ့နော်ဖောအယ်ထား
ကရင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ နော်ဖောအယ်ထားကတော့ပါးဖောင်းဖောင်းလေးနဲ့အရုပ်မလေးလိုချစ်ဖို့ကောင်းသူတစ်ယောက်ပါ။ဒီနေ့လေးကတော့ နေယ်ဖောအယ်ထားရဲ့(၂၅)နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။မွေးနေ့လေးမှာအလှူအတန်းတွေကိုပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။
နော်ဖောကဒီနေ့မွေးနေ့ရက်လေးအတွက်မွေးနေ့အလှူလေးအဖြစ်ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာရှိတဲ့ကလေးတွေအတွက်အလှူငွေတွေလှူဒါန်းပြီးမွေးနေ့အလှူဒါနလေးပြုခဲ့ပါတယ်။ဂေဟာမှာရှိတဲ့ကလေးလေးတွေအတွက်လိုအပ်တဲ့နေရာတွေမှာအသုံးပြုနိုင်ဖို့အလှူငွေ(၅)သိန်းကျပ်တိတိကိုလှူဒါန်းပေးခဲ့တာပါ။ခိုင်နှင်းဝေကလည်းအခုလိုလာရောက်လှူဒါန်းပေးတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမှတ်တမ်းတင်ဂုဏ်ပြုဖော်ပြလာခဲ့ပါတယ်။
Happy Birthday ပါညီမလေး။ညီမလေးနောဖောအယ်ထားရဲ့မွေးနေ့မှာကလေးတွေအတွက်အလှူငွေ(၅)သိန်းကျပ်ကိုလာရောက်လှူဒါန်းပေးပါတယ်ရှင်။သက်ရှည်ကျန်းမာပျော်ရွှင်ပါစေနော်။ဒီထက်မကအောင်မြင်ပါစေရှင်လို့လည်းခိုင်နှင်းဝေကမွေးနေ့ဆုမွန်ကောင်းတွေလည်းတောင်းပေးခဲ့ပါသေးတယ်။ပရိသတ်ကြီးရေနော်ဖောလေးရဲ့အလှူလေးကိုသာဓုခေါ်ဆိုပေးကြရင်းမွေးနေ့ဆုတောင်းလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။
Zawgyi Version
Credit