ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် အလှူငွေသိန်း(၂၀)ထည့်ဝင်လှူဒါန်းခဲ့တဲ့ခန့်စည်သူရဲ့ မေတ္တာသင်္ဂဟအဖွဲ့
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားခန့်စည်သူကတော့အနုပညာအရည်အချင်းပြည့်ဝပြီးဝါရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။အကယ်ဒမီထူးချွန်ဆုတွေအပြင်နိုင်ငံတော်ကချီးမြှင့်ထားတဲ့သာသနာဆိုင်ရာဆုတံဆိပ်တွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။ဒါအပြင်ခန့်စည်ကမေတ္တာသင်္ဂဟအဖွဲ့ကိုလည်းဦးစီးတည်ထောင်ထားပြီးလိုအပ်တဲ့နေရာတွေကိုပုံမှန်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
ခန့်စည်သူကကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေသို့ထည့်ဝင်လှူဒါန်းခြင်းကျပ်သိန်းနှစ်ဆယ်၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)သို့လှူဒါန်းခြင်းကျပ်ဆယ်သိန်းနှင့်Nice Foodမုန့်မျိုးစုံ၊အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀ နေပြည်တော်) ထာဝရဆေးပဒေသာပင်စိုက်ထူခြင်းကျပ်ဆယ်သိန်းတို့ကိုလှူဒါန်းခဲ့ကြပါတယ်။(၁၉၊၁၊၂၀၂၁)အလှူရှင်မေတ္တာသင်္ဂဟအဖွဲဝင်များအားလုံး (၂၀၂၁)ခုနှစ်မှစ၍ အောင်မြင်တိုးတက်၊ကြီးပွားချမ်းသာကြပါစေ။အလှူရေစက်လက်နှင့်မကွာလှူဒါန်းနိုင်ကြပါစေ။တရားထူး၊တရားမြတ်များရရှိနိုင်ကြပါစေ။သာဓုခေါ်ဆိုနိုင်ကြပါစေဆိုပြီးသူ့ရဲဖေ့စ်ဘုတ်စာမျက်နှာမှာမျှဝေပေးလာပါတယ်။
ခန့်စည်သူကတော့သူဦးစီးထားတဲ့မေတ္တာသင်္ဂဟအဖွဲ့ နဲ့လိုအပ်နေတဲ့နေရာမှန်သမျှကိုခွဲဝေလှူဒါန်းရင်းCOVID-19ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက်အလှူငွေသိန်း(၂၀)ထည့်ဝင်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းခန့်စည်သူနဲ့တကွ(၇)ရက်သားသမီးအလှူရှင်တွေရဲ့ကုသိုလ်ကိုဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။
Zawgyi Version
Credit