ငယ်ငယ်တည်းကကြိုက်ခဲ့ရတဲ့ကိုနေတိုးနဲ့အတူသရုပ်ဆောင်ခွင့်ရခဲ့ပြီးချီးကျူးခံလိုက်ရတဲ့အတွက် ပျော်လွန်းလို့တုန်ပါတုန်ခဲ့ရတဲ့သဇင်ထူးမြင့်
ဟာသလူရွှင်တော်သရုပ်ဆောင်ဒါရိုတ်တာတစ်ယောက်ဖြစ်တဲ့ဦးခင်လှိုင်ရဲ့အနုပညာမျိုးဆက်ဖြစ်တဲ့သဇင်ထူးမြင့်ကတော့ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းပြီး ပရိသတ်အားပေးမှုရနေပြီလည်းဖြစ်ပါတယ်။ဒါအပြင်သဇင်ထူးမြင့်ကတော့ကြောငြာတွေဆက်တိုက်ရိုတ်ကူးနေရပြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်လာရပြီဘဲဖြစ်ပါတယ်။
သဇင်ထူးမြင့်ဟာအခုလက်ရှိမှာဆိုရင်လည်းယွန်းယွန်း၊အောင်မင်းခန့်၊စည်သူ၀င်းတို့နဲ့အတူDouble Dating အစီအစဥ်လေးကိုရိုက်ကူးနေတာဖြစ်ပြီးချစ်ဖို့ကောင်းလွန်းတာကြောင့်ပရိသတ်တွေရဲတစ်ခဲနက်၀န်းရံအားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။ဒါ့ပြင်သဇင်ထူးမြင့်ဟာအနုပညာလှုပ်ရှားမှုတွေကိုလည်းဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီးမကြာသေးမီကလည်းအေးမြဖြူရဲ့သီချင်းသစ်လေးမှာကိုနေတိုးနဲ့အတူပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။
သဇင်ထူးမြင့်ဟာမင်းသားချောနေတိုးကိုငယ်စဉ်ကတည်းကအားပေးခဲ့ရသူဖြစ်ပြီးအခုလိုအတူတူသရုပ်ဆောင်ရတဲ့အတွက်အပျော်ကြီးပျော်နေတာဖြစ်တဲ့အပြင်နေတိုးဆီကလည်းချီးကျူးတာခံခဲ့ရတာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုလည်းသူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာအကို့ဆီကချီးကျူးစကားကြားရတာကို တကယ်ကိုပျော်မိပါတယ်ငယ်ငယ်တည်းကအရမ်းသဘောကျပြီးအားပေးခဲ့ရတဲ့အကိုနဲ့အလုပ်တူတူလုပ်ခွင့်ရတာတကယ်ကိုအမှတ်တရပါတကယ်ကိုမတွေးခဲ့ဘူးတဲ့အရာတခုဖြစ်လာတဲ့တွက်အရမ်းပျော်ပါတယ်သဲတုံတစ်ယောက်တကယ်တုန်နေပါတယ်ဆိုပြီးရေးသားထားခဲ့ပါတယ်။
Zawgyi Version
Credit