Cele News

ဘာသာခြားအများဆုံးရှိတဲ့ မလေးရှားလိုနိုင်ငံရဲ့ခေါင်းကြီးသတင်းမှာပင် ဘုန်းကြီးဝတ်တဲ့ဓာတ်ပုံလေးနဲ့အကျယ်တဝင့်ဖော်ပြခံနေရတဲ့ ပိုင်တံခွန်

ဘာသာခြားအများဆုံးရှိတဲ့မလေးရှားလိုနိုင်ငံရဲ့ခေါင်းကြီးသတင်းမှာပင်ဘုန်းကြီးဝတ်တဲ့ဓာတ်ပုံလေးနဲ့အကျယ်တဝင့်ဖော်ပြခံနေရတဲ့ပိုင်တံခွန်

မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ပိုင်တံခွန်ကတော့တောင့်တင်းကျစ်လစ်တဲ့ဘောဒီနဲ့ဆွဲဆောင်မှုရှိတာကြောင့်နှာခမ်းနီမလေးတွေအသည်းစွဲအားပေးမှုရနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်တံခွန်ကပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေထိပါထိုးဖောက်အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး(၁၁)ရက်တာသင်္ကန်းစည်းပြီးပြန်ထွက်လာချိန်မှာတော့သူ့ရဲအောင်မြင်မှုဟာကြောက်ခမန်းလိလိကိုတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။


နိုင်ငံတကာကသတင်းစာတွေ၊တီဗီရုပ်သံသတင်းတွေ၊ဝဘ်ဆိုဒ်တွေမှာဖော်ပြခံနေရတဲ့ပိုင်တံခွန်က နေ့စဉ်နေ့တိုင်းလိုလိုသူ့ရဲသတင်းကောင်းတွေကိုနေရာအနှံ့မှာမြင်တွေ့နေရတာပဲဖြစ်ပါတယ်။ဒီကနေ့မှာလည်းပိုင်တံခွန်ကသင်္ကန်းဝတ်နဲ့ဓာတ်ပုံတစ်ပုံကြောင့်မလေးရှားနိုင်ငံကတစ်နိုင်ငံလုံးဖြန့်ချီတဲ့သတင်းစာမှာချီးမွမ်းဖော်ပြခံခဲ့ရတာကိုတွေ့ရပါတယ်။

မလေးရှားနိုင်ငံကသတင်းစာထဲမှာပိုင်တံခွန်ရဲ့(၁၁)ရက်တာသင်္ကန်းစည်းဘုန်းကြီးဝတ်ခဲ့တဲ့အကြောင်းကိုအသားပေးရေးသားခဲ့တာဖြစ်ပြီးပိုင်တံခွန်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ကတော့နေ့စဉ်နေ့တိုင်းလိုလိုမှာသူ့ရဲ့ကောင်းသတင်းတွေကိုနိုင်ငံအနှံ့မှာမြင်တွေ့ရလို့တော်တော်လေးပီတိဖြစ်နေမှာသေချာပါတယ်။ပရိသတ်ကြီးလည်းမြန်မာ့ဂုဏ်ကိုအမျိုးမျိုးဆောင်နေတဲ့ပိုင်တံခွန်အတွက်ထပ်တူဂုဏ်ယူနေမယ်ထင်ပါတယ်။

Zawgyi Version


နိုင်ငံတကာကသတင်းစာတွေ၊တီဗီရုပ်သံသတင်းတွေ၊ဝဘ်ဆိုဒ်တွေမှာဖော်ပြခံနေရတဲ့ပိုင်တံခွန်က နေ့စဉ်နေ့တိုင်းလိုလိုသူ့ရဲ့သတင်းကောင်းတွေကို နေရာအနှံ့မှာမြင်တွေ့နေရတာပဲဖြစ်ပါတယ်။


Credit