Cele News

ကျောင်းသားကောင်းဆုရခဲ့တဲ့သမီးလေးနှစ်ယောက်လုံးအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီး စန္ဒီချို

ကျောင်းသားကောင်းဆုရခဲ့တဲ့သမီးလေးနှစ်ယောက်လုံးအတွက်ဂုဏ်ယူမဆုံးဖြစ်နေတဲ့နိုင်းနိုင်းရဲ့ချစ်ဇနီးစန္ဒီချို

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောနိုင်းနိုင်းကတော့ ဇနီးချောလေးနဲအတူချစ်စရာသားသမီးလေးယောက်ကိုပိုင်ဆိုင်ထားပါတယ်။ကလေးတွေကိုလည်းကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရပ်တည်နိုင်အောင်ပျိုးထောင်ပေးခဲ့ပြီးပျော်စရာကောင်းတဲ့ကလေးဘဝရဲ့အနှစ်သာရကိုလည်းအပြည့်အဝရအောင်ဖန်တီးပေးနိုင်ကြပါတယ်။


အလုပ်ကိစ္စတွေနဲ့မြန်မာပြည်မှာပဲအနေများတဲ့နိုင်းနိုင်းဟာကလေးတွေဆီကိုတော့မကြာခဏဆိုသလိုပြန်ပြီးသားသမီးတွေကိုအချိန်ပေးကာကလေးတွေနဲ့အတူဆော့ကစားတတ်ပါသေးတယ်။ချစ်ဇနီးအပေါ်မှာလည်းခင်ပွန်းကောင်းပီသသလိုသားသမီးတွေအပေါ်မှာလည်းဖခင်ကောင်းပီသသူတစ်ယောက်ပါ။

ဖေဖေကလည်းတာဝန်ကျေသလိုမေမေကလည်းကလေးတွေကိုအကောင်းဆုံးထိန်းကျောင်းတည့်မတ်ပေးနိုင်ခဲ့ပါတယ်။ချစ်ရတဲ့သမီးလေးနှစ်ယောက်လုံးကကျောင်းမှာStudent of the monthဆုကိုရခဲ့လို့ပီတိဖြစ်နေတဲ့သူမရဲ့ဝမ်းသာစကားကိုA proud mommy right here Both my munchkins received the Student of the Month Awardဆိုပြီးသမီးလေးတွေပုံနဲ့ဝေမျှခဲ့ပါတယ်။ထူးချွန်တဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေ။

Zawgyi Version



Credit