ကမ္ဘောဒီးယားကမင်းသမီးတွေကတောင် ပိုင်တံခွန်နဲ့တွဲရိုက်ချင်လို့ Booking လုပ်နေရပြီး ဟောလီးဝုဒ်ထ်ိသွားဖို့စီစဉ်နေပြီဆိုတဲ့ ပိုင်တံခွန်
လတ်တလောနိုင်ငံတကာပရိသတ်တွေခြားမှာရေပန်းစားလူကြိုက်များနေတဲ့မင်းသားချောပိုင်တံခွန်နဲ့ပတ်သတ်ပြီးBrave Empire Entertinment ကတာဝန်ရှိသူကိုစိုးလှိုင်ကအခုလိုပြောပါတယ်။Brave Empire Entertainmet ဟာထိုင်းမှာ ပြုလုပ်ခဲ့တဲ့ပိုင်တံခွန်ရဲ့fan meetingကိုစီစဉ်ခဲ့ပြီးလိပ်ပြာစံအိမ်ရုပ်ရှင်နဲ့နိုင်ငံတကာမှာမြန်မာရုပ်ရှင်ဇာတ်ကားပထမဦးဆုံးဆုရအောင်စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။
ဘန်ကောက်မှာတုန်းကကျွန်တော်တို့သူ့ကို fan meetingလုပ်ပေးခဲ့တယ်ပေါ့။အဲ့တုန်းကဆိုယုံတောင်မယုံနိုင်ဘူး။လေဆိပ်မှာပရိတ်သတ်တွေအများကြီး လက်မှတ်ထိုးခိုင်းဖို့စောင့်နေကြတာ။ကိုယ့်မြန်မာ အနုပညာရှင်တစ်ယောက်လေဆိပ်မှာလုံခြုံရေး အကာအကွယ်နဲ့လူအုပ်ကြားတိုးထွက်ရတယ်ဆိုတာကျွန်တော်ယုံတောင်မယုံနိုင်ဘူး။
တရုတ်မှာတော့we channelကနေ documentaryရိုက်ဖို့ကျွန်တော့်ဆီကနေ မင်းသားနဲ့မင်းသမီးတောင်းလာလို့ပိုင်တံခွန်နဲဝတ်မှုန်ရွှေရည်ကိုထုတ်ပေးဖူးတယ်။ကျန်တာကတော့ကျွန်တော့်ညီလေးကံကောင်းတာပါ။သူ့ရဲ့ဘုန်ကြီးဝတ်တုန်းကဓာတ်ပုံတွေကိုwechat မှာတင်လိုက်ရင်းကတအားပေါက်သွားတ။သူ့ရဲ့ စန်းကိုတော့ထိုင်းမှာမြင်ပြီးကတည်းက ကျွန်တော်တော်တော်လေးရှိန်သွားတာ။ဒါတင်မကသးဘူး။သူကကမ္ဘောဒီးယားမှာလည်းအောင်မြင်တယ်။ဂျပန် ၊ကိုရီးယား၊ဘရာဇီးနဲ့ ရုရှားမှာလည်းအောင်မြင်တယ်။ကမ္ဘောဒီးယားမှာဆိုရင်မင်းသမီးတွေသူနဲ့တွဲရိုက်ချင်လို့ bookingတောင်လုပ်ရတယ်။
ကျွန်တော်အခုမှသာထုတ်ပြောဖြစ်တာပါ။ ကျွန်တော်ကြွယ်တာမဟုတ်ပါဘူး။မြန်မာ့ရုပ်ရှင်သမိုင်းမှာပထမဆုံးနိုင်ငံတကာဆုရတာကျွန်တော်တို့ Brave Empire ကရိုက်တဲ့လိပ်ပြာစံအိမ်ပါ။အခုတော့နိုင်ငံတကာမှာပထမဆုံးအောင်မြင်တဲ့မင်းသားကလည်းကျွန်တော်တို့ Brave Emprie ရဲ့ပိုင်တံခွန်ပါပဲလို့ဆိုပါတယ်။ အခုလိုမျိုးနိုင်ငံတကာမှာမြန်မာ့ဂုဏ်ဆောင်သရုပ်ဆောင်တစ်ယောက်ပေါ်ထွက်လာတာဝမ်းသာမိသလိုဟောလီးဝုဒ်အထိသွားနိုင်အောင်လည်းကြိုးစားနေတယ်လို့ Brave Empire ရဲ့ကိုစိုးလှိုင်ကဆိုပါတယ်။
အရင်တုန်းကဆိုကျွန်တော်တို့မြန်မာမင်းသားသမီးတွေနိုင်ငံတကာကိုချပြစရာမရှိပါဘူး။အခုအခါမှာဂုဏ်ယူဝင့်ကြွားစွာနဲ့ချပြနိုင်ပါပြီ။ဟောလီးဝုဒ်ထိသွားဖို့ဆိုတာကလည်းပန်းတိုင်တစ်ခုလောက်ပဲလိုတော့တာပါ။အဲ့ဒီအတွက်လည်းစီစဉ်နေတာရှိပါတယ်။အဲ့ဒါကတော့ top secret ပါ။တခြားသူနဲ့နိုင်ငံတကာဇာတ်ကားတွေရိုက်ဖို့လည်းစီစဉ်ထားပြီးဖြစ်နေပေမယ့်ကိုဗစ်ဖြစ်နေလို့သာမရိုက်နိုင်သေးပါ။သူနဲ့ပတ်သက်ပြီးပေါက်နေတဲ့နိုင်ငံတွေအထိသွားပြီးတော့လည်း fan meeting တွေလုပ်သွားဖို့ရှိပါတယ်။ကျွန်တော့်ညီလေးကိုအားပေးကြပါလိုလို့ကိုစိုးလှိုင်ကဆက်လက်ပြောပြသွားခဲ့ပါတယ်။
Video ကြည့်ရန်
Credit