နေထက်လင်းတို့မိသားစုနဲ့အတူတာမွေကလေးရပ်ကွက်ရှိအနှေးယာဉ်လုပ်သားတွေအတွက်စားသောက်ကုန်များကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ရတနာမိုင်
ဝါရင့်အဆိုတော်မိုင်ရဲသမီးဖြစ်ပြီးအနုပညာအမွေတွေအပြည့်အဝဆက်ခံရရှိထားတဲ့ရတနာမိုင်ကတော့ သီချင်းကောင်းတွေကိုအသံချိုချိုလေးနဲ့ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်သူပါ။သူမဟာတေးစီးရီးအယ်ဘမ်များစွာကိုထွက်ရှိအောင်မြင်ထားပြီး လတ်တလောမှာလည်းအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်လျက်ရှိပါတယ်။
စိတ်သဘောထားဖြူစင်ပြီးသဒ္ဓါတရားထက်သန်တဲ့ရတနာမိုင်ကတော့သူမရဲ့ရှာဖွေစုဆောင်းထားတဲ့အနုပညာကြေးလေးတွေကိုလိုအပ်တဲ့နေရာတွေမှာမကြာခဏဆိုသလိုလှူဒါန်းလေ့ရှိပါတယ်။ဒီနေ့မှာလည်းရတနာမိုင်ကနေထက်လင်းတို့မိသားစုနဲ့အတူ
တာမွေကလေးရပ်ကွက်ရှိအနှေးယာဉ်ဆရာများ(၅၀)ဦးအတွက်ဆန်၊ဆီအာလူး၊ကြက်သွန်ကုလားပဲနဲ့စားကုန်များကိုသွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ရတနာမိုင်ကတော့သူမရဲအလှူနဲ့ပတ်သက်ပြီးအလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားလျှက်ဘုန်းဘုန်းဦးဇင်းBlueရဲ့တပည့်များဖြစ်ကြတဲ့ကိုကြီး
နေထက်လင်းတို့သားအဖနဲ့အတူမိုင်လေးတို့ကတာမွေကလေးရပ်ကွက်ရှိအနှေးယာဉ်ဆရာများ(၅၀)ဦးအတွက်ဆန်၊ဆီအာလူး၊ကြက်သွန်ကုလားပဲ၊စားကုန်များကိုဒီကနေ့ပေးအပ်လှူဒါန်းခဲ့ပါတယ်နတ်လူသာဓုခေါ်ပါစေသော်ဝ်ဆိုပြီးရေးသားကာပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင်မျှဝေပေးထားခဲ့ပါတယ်။
Credit