ကလေးဘဝကတည်းကဘုရားတရားသိတတ်ပြီးသူမနဲ့စိတ်ချင်းတူတဲ့သမီးငယ်လေးကြောင့်အရမ်းပီတိဖြစ်နေရတဲ့ သက်မွန်မြင့်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးသက်မွန်မြင့်ကတော့အနုပညာအရည်အချင်းပြည့်ဝပြီး အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။သက်မွန်မြင့်ကတော့အခုလိုကိုဗစ်ကာလမှာရိုတ်ကူးရေးတွေရပ်နားထားရတာကြောင့်ဘုရားတရားကိုပိုမိုလုပ်ဖြစ်နေတာဖြစ်ပါတယ်။သူမရဲ့အငယ်ဆုံးသမီးလေးကလည်းသက်မွန်နဲ့အတူတရားထိုင်လေ့ရှိတာကတော့ပရိသတ်တွေကိုအချစ်ပိုမိစေမှာပါ။
သက်မွန်ကမကြာသေးတဲ့နာရီပိုင်းအချိန်လောက်ကသူမရဲ့လူမှုကွန်ယက်ဖေ့ဘွတ်အကောင့်မှာသမီးလေးနဲ့အတူတရားထိုင်နေတဲ့ပုံလေးတွေကိုဝေမျှလာတာဖြစ်ပါတယ်။ပုံလေးတွေအပြင် တံငါနားနီး တံငါမုဆိုးနားနီးမုဆိုးဆိုသလိုပေါ့၉ရက်တရားစခန်း(အိမ်ကနေ zoomနဲ့)ဝင်တော့သူလိုက်ထိုင်တာသက်မွန်ကိုယ်တိုင်လည်းမေမေကဘုရားတရားအရမ်းလုပ်တော့ကိုယ်ပါစိတ်နှစ်ပြီးလုပ်ဖြစ်တယ်ကလေးဘဝထဲကမေမေ ပုတီးစိပ်ရင်စိတ်ဝင်တစားကြည့်ပြီးမေမေသင်ပေးတာလိုက်လုပ်တာအနုပညာအလုပ်စလုပ်တော့လည်းဘုရားမှတပါးအားကိုးရာမရှိခဲ့တော့ပိုလုပ်ဖြစ်တယ်။
ခုအလုပ်မလုပ်ရတော့အိမ်မှာနေရတဲ့ချိန်အိမ်ကနေတရားစခန်းဝင်လို့ရတယ်ဆိုတော့ဝင်ဖြစ်တယ်ဆရာကေသာဦးရဲသဲအင်းဂူသေနည်းသင်ဆိုတော့ပိုစိတ်ဝင်စားသွားတာသေမလိုဖြစ်တုန်းကစိတ်တွေယောက်ယက်ခတ်ခဲ့တာကိုးဝေဒနာနဲ့ စိတ်ကိုဘယ်မှာအာရုံပြုရမလဲဆိုတာသိချင်နေခဲ့တာခုတော့သိပြီကိုယ်ဆက်ပြီးကျင့်ကြံသွားဖို့ပဲလိုတော့တယ်ကျင့်သားမရရင်ယောက်ယက်ကခတ်ဦးမှာပဲဆိုပြီးရေးသားလာတာပါ။သက်မွန်နဲ့ရုပ်ဆင်ရုံသာမကပဲစိတ်ဓာတ်လေးပါတူနေတဲ့သမီးငယ်လေးနဲ့အတူပုံလေးတွေကိုပရိသတ်တွေထံပြန်လည်တင်ဆက်ပေးပါတယ်နော်။
Zawgyi Version
ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးေခ်ာေလးသက္မြန္ျမင့္ကေတာ့ အႏုပညာအရည္အခ်င္းျပည့္ဝၿပီး အကယ္ဒမီထူးခြၽန္ဆုေတြလည္းရရွိထားတဲ့သူတစ္ေယာက္ပါ။သက္မြန္ျမင့္ကေတာ့ အခုလိုကိုဗစ္ကာလမွာရိုတ္ကူးေရးေတြရပ္နားထားရတာေၾကာင့္ ဘုရားတရားကိုပိုမိုလုပ္ျဖစ္ေနတာျဖစ္ပါတယ္။
သက္မြန္ကမၾကာေသးတဲ့နာရီပိုင္းအခ်ိန္ေလာက္ကသူမရဲ႕ လူမႈကြန္ယက္ေဖ့ဘြတ္အေကာင့္မွာ သမီးေလးနဲ႕အတူတရားထိုင္ေနတဲ့ပုံေလးေတြကို ေဝမွ်လာတာျဖစ္ပါတယ္။ပုံေလးေတြအျပင္ တံငါနားနီး တံငါမုဆိုးနားနီးမုဆိုးဆိုသလိုေပါ့၉ ရက္တရားစခန္း( အိမ္ကေန zoomနဲ႕)ဝင္ေတာ့ သူလိုက္ထိုင္တာသက္မြန္ကိုယ္တိုင္လည္းေမေမက ဘုရားတရားအရမ္းလုပ္ေတာ့ကိုယ္ပါစိတ္ႏွစ္ၿပီးလုပ္ျဖစ္တယ္ကေလးဘဝထဲကေမေမ ပုတီးစိပ္ရင္စိတ္ဝင္တစားၾကည့္ၿပီးေမေမသင္ေပးတာလိုက္လုပ္တာအႏုပညာအလုပ္စ လုပ္ေတာ့လည္းဘုရားမွတပါးအားကိုးရာမရွိခဲ့ေတာ့ပိုလုပ္ျဖစ္တယ္။
ခုအလုပ္မလုပ္ရေတာ့အိမ္မွာေနရတဲ့ခ်ိန္အိမ္ကေနတရားစခန္းဝင္လို႔ရတယ္ဆိုေတာ့ဝင္ျဖစ္တယ္ဆရာေကသာဦးရဲ႕သဲအင္းဂူေသနည္းသင္ဆိုေတာ့ပိုစိတ္ဝင္စားသြားတာေသမလိုျဖစ္တုန္းကစိတ္ေတြေယာက္ယက္ခတ္ခဲ့တာကိုးေဝဒနာနဲ႕ စိတ္ကိုဘယ္မွာအာ႐ုံျပဳရမလဲဆိုတာသိခ်င္ေနခဲ့တာခုေတာ့ သိၿပီကိုယ္ဆက္ၿပီးက်င့္ႀကံသြားဖို႔ပဲ လိုေတာ့တယ္က်င့္သားမရရင္ေယာက္ယက္က ခတ္ဦးမွာပဲဆိုၿပီးေရးသားလာတာပါ။
Credit