Cele News

မြင့်မြတ်ရဲ့သားလေးကိုတွေ့တွေ့ချင်းတည်းက လက်ကမချနိုင်အောင်ကိုချီထားပြီး အချစ်ပိုနေတဲ့ ရွှေမှုံရတီ

မြင့်မြတ်ရဲ့သားလေးကိုတွေ့တွေ့ချင်းတည်းကလက်ကမချနိုင်အောင်ကိုချီထားပြီးအချစ်ပိုနေတဲ့ရွှေမှုံရတီ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေး ရွှေမှုံရတီကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ် ဆောင်နိုင်ပြီးအနုပညာအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်ပါ။သူမဟာရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်ပြီးယခုဆိုရင်အဆိုတော်ရွှေထူးနဲ့အတူသာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုပါတည်ထောင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့သူမတို့ဇနီးမောင်နှံကိုရွှေနှစ်ရွှေလို့ချစ်စနိုးခေါ်ကြတာပါနော်။

ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ယောက်ဟာအနုပညာလှုပ်ရှားမှုတွေကိုအတူလက်တွဲပြီးလုပ်နေကြကာရုပ်ရှင်ကားကြီးတွေလည်းအတူရိုက်ကူးကြသလိုသီချင်းသစ်တွေလည်းအတူသီဆိုကြပြီးပရိသတ်တွေရဲအားပေးမှုကိုအများအပြားရရှိနေတာဖြစ်ပါတယ်။ရွှေမှုံဟာလက်ရှိမှာဆိုရင်လည်းရိုက်ကူးရေးတွေပြုလုပ်နေတာဖြစ်သလိုပရိသတ်အတွက်အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်နော်။

ရွှေမှုံဟာပြင်ဦးလွင်ကိုရောက်ရှိနေတာလည်းဖြစ်ပြီးတော့မြင့်မြတ်တို့မိသားစုနဲ့တွေ့တုန်းလေးမှာသားလေမြတ်သူလေးကိုလက်ကမချချင်အောင်ကိုချီထားကာအသည်းတွေယားပြီးအချစ်ပိုနေတာပါနော်။ရွှေမှုံလေးနဲ့မြတ်သူလေးရဲ့ချစ်စရာပုံလေးတွေကိုမြတ်သူလေးရဲ့ဖေ့ဘုတ်စ်လေးမှာတင်ပေးလာပါတယ်။

Zawgyi Version



Credit