မြို့ဟောင်း ၅ မြို့အဓိဌာန်ဝင်ခဲ့ပြီးထူးထူးခြားခြား ဘုရားပုံတော်ပေါ်တဲ့ညောင်ရွက်လေးအကြောင်းပြောပြလာတဲ့ နေမျိုးအောင်
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားကြီးနေမျိုးအောင်ကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးမတူညီတဲ့ဇာတ်ရုပ်တွေမှာအပီပြင်ဆုံးသရုပ်ဆောင်နိုင်ပြီးသဘာဝကျနဲ့မင်းသားတလက်ဖြစ်ပါတယ်ယနေ့အချိန်ထိလည်းအနုပညာအလုပ်တွေအပြင်ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်းလုပ်ကိုင်တာ တွေ့ရပါတယ်။
နေမျိုးအောင်ကသားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့အပြင်သာယာပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးကိုတည်ဆောက်တာ ဖြစ်ပါတယ်။ဒါ့အပြင်သူတို့ဇနီးမောင်နှံနှစ်ယောက်ကအလှူအတန်းတွေကိုလှူဒါန်းပေးသလို ဘာသာတရားကိုလည်းအထူးကိုင်းရှိုင်းတဲ့သူတွေပဲဖြစ်ပါတယ်။ယနေ့မှာဆိုရင်တော့နေမျိုးအောင်တို့ဇနှီးနှစ်ယောက်ကမြို့ဟောင်း(၅)မြို့အဓိဌာန်အောင်မြင်ခဲ့ပြီဆိုကာကြည်နူးစရာကောင်းတဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။
ဒါ့အပြင်အဓိဌာန်ဝင်နေတဲ့ညောင်ပင်မှာထူးထူးဆန်းဆန်းဘုရားပုံတော်ပါတဲ့ညောင်ရွက်ကြွေကျထားတာကိုလည်းဖော်ပြထားပါသေးတယ်။ဒီပုံလေးတွေနဲ့နေမျိုးအောင်ကမြို့ဟောင်း(၅)မြို့အဓိဌာန်အောင်မြင်နောက်ဆုံးညောင်ရမ်းမြို့မှညောင်ပင်မှညောင်ရွက်သည်ပြီးခဲ့သည့် လပြည့်နေ့တွင်ယခုကဲ့သို့ညောင်ရွက်များကြွေကြပြီးဘုရားပုံပေါ်နေပုံရွာသားများထံမှဓါတ်ပုံပါဆိုပြီးရေးသားထားပါတယ်။ပရိသတ်တွေလည်းနေမျိုးအောင်တို့ရဲ့အဓိဌာန်ဝင်ခဲ့တဲ့ပုံလေးတွေကို ကြည်နူးပီတိဖြစ်မယ်လို့မျှော်လင့်မိပါတယ်။
Zawgyi Version
Credit