နုနုနယ်နယ်လေးလို့ထင်ရပေမယ့်ယောကျာ်းလေးတစ်ယောက်တောင်လိုက်မမှီနိုင်တဲ့ Rap Skill ကိုပိုင်ဆိုင်ထားတဲ့ပန်းရောင်ခြယ်ရဲ့ဗီဒီယို
ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တဲ့ဂရေဟမ်ရဲ့သမီးကြီးဖြစ်သူပန်းရောင်ခြယ်ကတော့ဖခင်ဆီကအနုပညာအမွေတွေဆက်ခံရရှိထားပြီးဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်တဲ့သူတစ်ယောက်ပါ။ပန်းရောင်ခြယ်ကတော့လိပ်ပြာဇာတ်လမ်းတွဲမှာလည်းခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။
ပန်းရောင်ခြယ်ကတော့သူမကိုချစ်ကြတဲ့ပရိသတ်တွေအတွက်အမျိုးမျိုးသောအနုပညာလှုပ်ရှားမှုတွေကိုချပြဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။မနေ့ကဇန်နဝါရီလ (၂၉)ရက်နေ့မှာတော့ပန်းရောင်ခြယ်ကသူမBrand Ambassadorအဖြစ်တာဝန်ယူဆောင်ရွက်ထားတဲ့ဖုန်းအမျိုးအစားအသစ်မိတ်ဆက်ပွဲကိုတက်ရောက်ပေးခဲ့ပါတယ်။
ပန်းရောင်ခြယ်ကထိုပွဲလေးမှာပရိသတ်တွေမသိသေးတဲ့သူမရဲ့Talentတစ်ခုကိုထုတ်ပြခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒါကတော့ပန်းရောင်ခြယ်ကကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့Problemသီချင်းထဲက Iggy Azalea ရဲ့Rapအပိုဒ်ကိုသီဆိုပြလာတာကိုအခုလိုပဲတွေ့ရပါတယ်။
ပန်းရောင်ခြယ်ကတော့အစကဘာလုပ်ပြရမှန်းမသိ hidden talentကို၊ပန်းရောင်တတ်လို့လုံးဝမဟုတ်ပါဘူးအမှတ်တရပါဆိုပြီးသူမတတ်လို့ ဆိုပြတာမဟုတ်ဘူးလို့ပြောထားပေမယ့်ပရိသတ်တွေကတော့သဘောအကျကြီးကျနေရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက္ပါတယ်နော်။
Video ကြည့်ရန်
Credit