Cele News

G Fatt အသံအတိုင်းလုပ်ပြပြီး သီချင်းဆိုပြခဲ့တဲ့ နေတိုးရဲ့အသံတု စွမ်းရည်ကို ချီးကျူးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယိုလေး

G Fatt အသံအတိုင်းလုပ်ပြပြီးသီချင်းဆိုပြခဲ့တဲ့နေတိုးရဲ့အသံတုစွမ်းရည်ကိုချီးကျူးခဲ့တဲ့စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယိုလေး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မြန်မာနိုင်ငံရဲ့လျှမ်းလျှမ်းတောက်အနုပညာရှင်တွေဖြစ်တဲ့နေတိုးနဲ့စိုင်းစိုင်းခမ်းလှိုင်ကတော့ကိုယ်စီအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။နေတိုးကတော့အကယ်ဒမီထူးချွန်ဆုတွေရရှိထားသလိုစိုင်းစိုင်းကတော့ဂီတနယ်ပယ်မှာအောင်မြင်မှုမှတ်တိုင်တွေများစွာစိုက်ထူထားနိုင်သူတစ်ယောက်ပါ။စိုင်းစိုင်းခမ်းလှိုင်နဲ့နေတိုးတို့ကရုပ်ရှင်ဇာတ်ကားတွေအချို့မှာအတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီးပြီးခဲ့တဲ့(၂၀၁၉)ခုနှစ်အတွင်းကလည်းကောင်းကင်မရှိတဲ့ကြယ်ရုပ်ရှင်ဇာတ်ကားကြီးမှာအတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။


မနေ့ကဇန်နဝါရီလ(၂၉)ရက်နေ့မှာတော့စိုင်းစိုင်းခမ်းလှိုင်နဲ့နေတိုးတို့ကSamsung Galaxy S21 Series 5G Launchပွဲကိုအတူတူတက်ရောက်ခဲ့ကြပါတယ်။ထိုပွဲမှာနေတိုးကသူ့ရဲ့အရည်အချင်းတစ်ခုနဲ့G Fattအသံအတိုင်းတုပပြီးသီချင်းဆိုပြခဲ့တာကြောင့်စိုင်းစိုင်းခမ်းလှိုင်ကနေတိုးကိုစနောက်ခဲ့ရတာကိုအခုလိုမျိုးပဲတွေ့ရပါတယ်။ပရိသတ်ကြီးအတွက်နေတိုးရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

စိုင်းစိုင်းကတော့နေတိုးရဲ့အံ့သြလောက်စရာကောင်းတဲ့အသံတုစွမ်းရည်ကြောင့်တော်တော်လေးသဘောကျခဲ့ရတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းနေတိုးရဲအမိုက်စားစွမ်းရည်ကိုကြည့်ပြီးသဘောကျနေကြမယ်ထင်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Zawgyi Version



စိုင်းစိုင်းခမ်းလှိုင်ကတော့နေတိုးရဲ့အံ့သြလောက်စရာကောင်းတဲ့အသံတုစွမ်းရည်ကြောင့်တော်တော်လေးသဘောကျခဲ့ရတာဖြစ်ပါတယ်။

Credit