Cele News

သူမအရင်ကလှူဒါန်းခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ဆွမ်းစားကျောင်းဆောင်ကို ပြန်လည်ပြုပြင်လှူဒါန်းတော့မယ့် ထက်ထက်မိုးဦးကို

သူမအရင်ကလှူဒါန်းခဲ့တဲ့အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ဆွမ်းစားကျောင်းဆောင်ကိုပြန်လည်ပြုပြင်လှူဒါန်းတော့မယ့်ထက်ထက်မိုးဦးကို

တစ်ခေတ်တခါကအောင်မြင်ခဲ့ကြီးမင်သမီးကြီးထက်ထက်မိုးဦးကတော့ယနေ့အထိတိုင်ပရိသတ်ချစ်ခင်အားပေးနေရဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထက်ထက်မိုးဦးကတော့အလှူအတန်းတွေအမြဲပြုလုပ်တတ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးလတ်တလောမှာလည်းပရိသတ်တွေသာဓုခေါ်ဆိုရမယ့်အလှူလေးတစ်ခုကိုပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ်။


ထက်ထက်ကသူမ၁၉၉၉ခုနစ်ကလှူခဲ့တဲ့အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်ကအာဟာရသုခဆွမ်းစား ကျောင်းဆောင်ကိုလိုအပ်တာတချို့ပြန်လည်ပြုပြင်လှူဒါန်းဖို့ဒီနေ့သွားကြည့်ခဲ့တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ်။

စလှူခဲ့တုန်းကလည်းအလုပ်တွေလုပ်လိုက်လှူလိုက်နဲ့ပဲကျောင်းကြီးဖြစ်ခဲ့ပြီးယခုအခါမှာလည်းအလုပ်တွေလုပ်ရင်းနဲ့ပဲပြန်လည်လှူဒါန်းခွင့်ရတာမို့အရမ်းကိုမှပီတိဖြစ်ရတယ်လို့သူမရဲ့အလှူလေးအကြောင်းကိုပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ်။

နာယကချုပ်ဆရာတော်ကလည်းကျောင်းဒါယိကာမကြီးဘာမှမပူနဲ့ဒကာမကြီးရဲ့ဆွမ်းစားကျောင်းဆောင်မှာသံဃာတွေဟာအမြဲတမ်းတစ်နေ့ ၂ကြိမ်ဝေနေယျသတ္တဝါတွေပစ္စည်းလေးပါးဒါယကာဒါယိကာမတွေကိုမေတ္တာပို့သပေးနေတာကြောင့်ကုသိုလ်တွေသံဃာတွေရဲ့မေတ္တာတွေအမြဲရနေမှာပါဆိုပြီးပြောလိုက်တဲ့အချိန်


မှာရင်ထဲမှာပျော်မပြတတ်အောင်ကြည်နူးရတယ်လို့လည်းထက်ထက်ကသူမရဲ့ပီတိတွေကိုပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်အလုပ်တွေလုပ်ရင်းသဒ္ဒါပေါက်လို့ဒါနမြှောက်ခဲ့တဲ့အကြောင်းကိုလည်းကြည်နူးဖွယ်မျှဝေပေးခဲ့ပါတယ်။

Credit