Cele News

သစ်တံခါးဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းဖို့ ဆုတောင်းပေးနေပါတယ်လို့ဆိုလာတဲ့ ရွှေကစ်လေး

သစ်တံခါးဆရာတော်ရဲ့မေတ္တာရိပ်အောက်မှာခိုလှုံရင်း မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းဖို့ ဆုတောင်းပေးနေပါတယ်လို့ဆိုလာတဲ့ရွှေကစ်လေး

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတလက်ဖြစ်တဲ့ဝတ်မှုံရွှေရည်ကတော့အနုပညာအရည်အချင်းပြည့်ဝပြီးပရိသတ်ချစ်ခင်အားပေးရတဲ့သူတစ်ယောက်ပါ။ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီး မြန်မာ့အကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားပါသေးတယ်။ဒါ့အပြင်ရွှေကစ်လေးဟာလိပ်ပြာစံအိမ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကိုရရှိထားတဲ့ လေးစားရတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။


ရွှေကစ်လေးကလတ်တလောမှာ‌တော့ကြော်ငြာရိုက်ကူးရေးတွေကိုအဆက်မပြတ်လုပ်ဆောင်နေပြီးအလှူအတန်းနဲ့ပရဟိတတွေကိုလည်းလုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါ့အပြင်ရွှေကစ်လေးရဲ့ညမဖြစ်သူနဒီရွှေရည်ရဲ့သားလေးနဲ့ဆော့ကစားကာအမြဲလိုလို ချစ်စရာVideoလေးတွေကိုမျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ရွှေကစ်လေးကမနေ့တည်းက ဘုန်းကြီးကျောင်းရောက်ပြီးတရားဝင်နေတာအင်တာနက်လိုင်းတွေမရလို့ပါဆရာတော်ရဲ့မေတ္တာရိပ်အောက်မှာခိုလှုံရင်းမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းဖို့ဆုတောင်းပေးနေပါတယ်အားလုံးဂရုစိုက်ပေးကြပါနော်လို့ဆိုကာမျှဝေပေးလာခဲ့ပါတယ်။ရွှေကစ်လေးရဲဆန္ဒတွေနဲ့အတူမြန်မာပြည်ကြီးအမြန်အေးချမ်းနိုင်ပါစေနော်။


Zawgyi Version





Credit