Cele News

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ ဗြိတိန်တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ဗြိတိန်တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုချက်ချင်းပြန်လွှတ်ပေးဖို့နဲ့တရားစွဲထားတဲ့ပုဒ်မတွေကိုပယ်ဖျတ်ပေးဖို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကဒီကနေ့ပြောလိုက်ပါတယ်။ဗြိတိန်အနေနဲ့စစ်အာဏာ သိမ်းတဲ့လုပ်ရပ်ကိုကန့်ကွက်ရှုတ်ချကြောင်းနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စရပ်တွေအတွက်နိုင်ငံတကာမိတ်ဖက်တွေနဲ့ဆွေးနွေးတိုင်ပင်နေတယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raabကတွိတာမှာရေးထားပါတယ်။


စစ်အာဏာသိမ်းတဲ့နေ့ကဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်းဝင်ရောက်ရှာဖွေရှာမှာတရားမဝင်စကားပြောစက်(၁၀)လုံးတွေ့ရှိခဲ့တယ်ဆိုပြီးပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)နဲ့တရားစွဲအမှုဖွင့်ထားတာပါ။ဒီပုဒ်မဟာပြစ်မှုထင်ရှားရင်အများဆုံးထောင်ဒဏ်သုံးနှစ်ဒါမှမဟုတ်ငွေဒဏ်၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ပါတယ်။

အလားတူနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ ကပ်ရောဂါကာလလိုက်နာရမယ့်စည်းကမ်းချက် အမိန့်တွေကိုချိုးဖောက်တယ်ဆိုပြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲထားတာပါ။သမ္မတဦးဝင်းမြင့်ကိုစွဲထားတဲ့ပုဒ်မဟာအများဆုံးထောင်ဒဏ်သုံးနှစ်နဲ့ငွေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လက်ရှိ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

Zawgyi version

ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့ပုဒ္မေတြကို ပယ္ဖ်က္ေပးဖို႔ ၿဗိတိန္ေတာင္းဆို

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္ကိုခ်က္ခ်င္းျပန္လႊတ္ေပးဖို႔နဲ႕တရားစြဲထားတဲ့ပုဒ္မေတြကိုပယ္ဖ်တ္ေပးဖို႔ၿဗိတိန္နိုင္ငံျခားေရးဝန္ႀကီး Dominic Raab ကဒီကေန႕ေျပာလိုက္ပါတယ္။ၿဗိတိန္အေနနဲ႕စစ္အာဏာ သိမ္းတဲ့လုပ္ရပ္ကို ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႕ျမန္မာနိုင္ငံနဲ႕ပတ္သက္ၿပီးေရွ႕ဆက္ေဆာင္႐ြက္မယ့္ကိစၥရပ္ေတြအတြက္နိုင္ငံတကာမိတ္ဖက္ေတြနဲ႕ေဆြးႏြေးတိုင္ပင္ေနတယ္လို႔ၿဗိတိန္နိုင္ငံျခားေရးဝန္ႀကီး Dominic Raab ကတြိတာမွာေရးထားပါတယ္။

စစ္အာဏာသိမ္းတဲ့ေန႕ကေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္တြင္းဝင္ေရာက္ရွာေဖြရွာမွာတရားမဝင္စကားေျပာစက္(၁၀)လုံးေတြ႕ရွိခဲ့တယ္ဆိုၿပီးပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ(၈)နဲ႕တရားစြဲအမႈဖြင့္ထားတာပါ။

အလားတူနိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကိုေတာ့ ကပ္ေရာဂါကာလလိုက္နာရမယ့္စည္းကမ္းခ်က္ အမိန႔္ေတြကိုခ်ိဳးေဖာက္တယ္ဆိုၿပီးသဘာဝေဘးအႏၱရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅နဲ႕ တရားစြဲထားတာပါ။သမၼတဦးဝင္းျမင့္ကိုစြဲထားတဲ့ပုဒ္မဟာအမ်ားဆုံးေထာင္ဒဏ္သုံးႏွစ္နဲ႕ေငြဒဏ္ခ်မွတ္နိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ဦးဝင္းျမင့္ကို လက္ရွိ ဘယ္မွာထိန္းသိမ္းထားတယ္ ဆိုတာေတာ့ မသိရေသးပါဘူး။

Credit