Cele News
ပြည်သူ့ဆန္ဒနဲ့ထပ်တူ နှစ်ရက်ဆက်တိုက်လုံး အင်တိုက်အားတိုက်ပါဝင်ပြီး အနုပညာမောင်နှမတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတဲ့ အူဝဲတို့စုံတွဲ
ပြည်သူ့ဆန္ဒနဲ့ထပ်တူနှစ်ရက်ဆက်တိုက်လုံး အင်တိုက်အားတိုက်ပါဝင်ပြီးအနုပညာမောင်နှမတွေနဲ့ပါပူးပေါင်းဆောင်ရွက်နေတဲ့အူဝဲတို့စုံတွဲ
ပြည်သူချစ်အနုပညာရှင်စုံတွဲဖြစ်တဲ့ပြေတီဦးနဲ့မင်းသမီးချောအိန္ဒြာကျော်ဇင်တို့ကတော့အနုပညာနယ်ပယ်မှာအတွဲညီညီအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။သရုပ်ဆောင်တော်လွန်းလို့အကယ်ဒမီဆုတွေပါရရှိခဲ့ကြတဲ့ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံကယနေ့အချိန်အထိတိုင်အောင်အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။အူဝဲတို့ဇနီးမောင်နှံကသားတစ်ယောက်၊သမီးတစ်ယောက်ထွန်းကားခဲ့ပြီးသာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံကကလေးတွေကိုအိမ်မှာထားခဲ့ပြီးသူတို့နှစ်ယောက်လုံးလမ်းပေါ်ထွက်ကာပြည်သူတွေနဲ့အတူရဲရဲဝင့်ဝင့်ရပ်တည်ပြလိုက်တာပဲဖြစ်ပါတယ်။အူဝဲတို့ကလတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တာဟာဆိုရင်နှစ်ရက်တိတိရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြည်သူလူထုရဲ့ဆန္ဒအတိုင်းထပ်တူထပ်မျှဆောင်ရွက်နေတဲ့အူဝဲတို့စုံတွဲလေးကိုပရိသတ်တွေကလည်းချီးကျူးအားပေးနေတာဖြစ်ပါတယ်။
မနေ့ကဆိုရင်လည်းအူဝဲတို့ဇနီးမောင်နှံကသူမတို့အနုပညာလောကသားတွေနဲ့ပါအတူတကွပူးပေါင်းပြီးပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။နှစ်ရက်ဆက်တိုက်လုံးအင်တိုက်အားတိုက်နဲ့တက်တက်ကြွကြွလှုပ်ရှားနေတဲ့အူဝဲတို့စုံတွဲလေးကတော့အရမ်းကိုအတွဲညီနေတာဖြစ်ပါတယ်။ကဲအနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit