Cele News

ဒီကာလမှာ အခမဲ့ဆေးကုပေးနေတဲ့ သူငယ်ချင်းရဲ့ဆေးခန်းမှာ သူမသင်ယူခဲ့တဲ့ဆေးပညာကိုအသုံးချပြီး နိုင်ငံအတွက်တာဝန်ကျေခဲ့တဲ့ နီနီခင်ဇော်

ဒီကာလမှာအခမဲ့ဆေးကုပေးနေတဲ့သူငယ်ချင်းရဲ့ဆေးခန်းမှာသူမသင်ယူခဲ့တဲ့ဆေးပညာကိုအသုံးချပြီး နိုင်ငံအတွက်တာဝန်ကျေခဲ့တဲ့ နီနီခင်ဇော်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့နီနီခင်ဇော်ကတော့အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်သူပါ။အနုပညာအလုပ်ကို ဝါသနာပါတာကြောင့်စိတ်နှစ်ပြီးလုပ်ကိုင်ခဲ့တဲ့နီနီခင်ဇော်ကဆေးပညာကိုသင်ယူခဲ့တဲ့ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ် ။


လက်ရှိကာလမှာဆိုရင်နီနီခင်ဇော်ကပြည်သူပရိသတ်တွေဘက်ကနေအခိုင်အမာရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာပါပါဝင်နေတာဖြစ်ပါတယ်။အခုလည်းနီနီခင်ဇော်ကအခမဲ့ဆေးကုသပေးနေတဲ့သူငယ်ချင်းဆရာဝန်ရဲ့ဆေးခန်းမှာသူမသင်ယူခဲ့တဲ့ဆေးပညာကိုအသုံးချပြီးပြည်သူတွေကိုကူညီနေတာပဲဖြစ်ပါတယ်။

ဒီအကြောင်းကိုနီနီခင်ဇော်ကနီနီ Medical Practice မလုပ်တာ၈နှစ်ရှိပါပြီကျွန်မသူငယ်ချင်းDr.ထွန်းစရဲ့ဆေးရုံမသွားရတဲ့လူနာ​တွေအခမဲ့ကုသကူညီ​ပေး​နေတဲ့​ဆေးခန်းမှာဒီ​နေ့ ဆေးအကူအဖြစ်သာကူညီခွင့်ရခဲ့ပါတယ်စကားကြုံတုန်း​ပြောချင်တာကအနုပညာအလုပ်လုပ်လို့တဲ့မဆီမဆိုင်တစ်နှစ်တစ်တန်း​အောင်ပြီးဘွဲ့ရပါလျှက်ဆေးကုသခွင့်လိုင်စင်ဆမထုတ်မ​ပေးခဲ့တဲ့ ဆေး​ကောင်စီကိုလည်းတစ်ပါတည်း​ပြောချင်တာကမြန်မာပြည်တစ်ခုထဲမှာပဲရှိတဲ့မမျှတတဲ့စည်းကမ်း​တွေကိုလည်းပြင်​စေချင်ပါပြီဘက်စုံထူးချွန်လာမယ့်နောက်မျိုးဆက်အတွက်ပါ


ဆရာဝန်ဖြစ်​သော်ငြားအခြားအလုပ်လုပ်သူများဆမရကြပါတယ်အနုပညာအလုပ်တစ်ခုသာမ​ပေး​သောနောက်တခု​ပြောချင်တာကထစ်ကနဲဆိုဆရာဝန်အနုပညာရှင်​တွေဟာကျန်းမာ​ရေးအသိ​ပေးအ​နေနဲ့ပြည်သူ့ထံ​ရှေ့ဆုံးကထွက်ရတာပါအ​ရေးကြီးတာက​တော့CDM တွေတစ်နိုင်ငံလုံးအမြန်ဆုံး​အောင်မြင်ရပါမယ်မဟုတ်ရင်နစ်နာရတဲ့သူ​တွေဟာပြည်သူ​တွေသာဖြစ်ပါလိမ့်မယ်

ကိုထွန်းစအပါအဝင်ကျွန်မသူငယ်ချင်းဆရာဝန်များ CDM ကို Support ​ပေး​သောအခမဲ့ဆေးရုံ​ဆေးခန်းများဝန်ထမ်း​များအားလုံးကို​လေးစားဦးညွှတ်လျှက်ဒီကာလအတွင်း​ဆေးခန်း​တစ်ပတ်၂ ရက်ထိုင်ကူ​ပေးပါမယ်နီနီထိုင်တဲ့ရက်​​တွေလာပြသမျှဆေးဖိုးဝါးခ​တွေဒါနပြုပေးပါမယ်ရှင်ရွှေဆေးခန်းမြောက်ဥက္ကလာဆိုပြီးရေးသားပြောပြထားတာဖြစ်ပါတယ်။

Credit