Cele News

နေမကောင်းပေမယ့် ခင်ပွန်းဖြစ်သူနဲ့ လမ်းပေါ်ကို အတူတူထွက်လာပြီး ပြည်သူတွေအတွက် စားစရာတွေရက်ရက်ရောရောဝေငှခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို

နေမကောင်းပေမယ့် ခင်ပွန်းဖြစ်သူနဲ့ လမ်းပေါ်ကို အတူတူထွက်လာပြီးပြည်သူတွေအတွက်စားစရာတွေရက်ရက်ရောရောဝေငှခဲ့တဲ့ရွှေမှုံရတီရဲ့ဗီဒီယို

ပြည်သူချစ်အနုပညာရှင်စုံဖြစ်တဲ့ရွှေထူးနဲ့ရွှေမှုံကတော့ အနုပညာနယ်ပယ်မှာကိုယ်စီအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။တွဲလက်တွေခိုင်မာပြီးစိတ်တူကိုယ်တူလျှောက်လှမ်းနေကြတဲ့ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့သူတို့စုံတွဲလေးကိုချစ်ခင်အားပေးတဲ့အပြင်အရမ်းကိုအားကျနေရတာလည်းဖြစ်ပါတယ်။


လက်ရှိကာလမှာဆိုရင်လည်းရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံကပြည်သူတွေနဲ့အတူတက်တက်ကြွကြွလှုပ်ရှားရင်းနိုင်ငံအတွက်တာဝန်ကျေပွန်နေတာဖြစ်ပါတယ်။ရွှေရွှေတို့စုံတွဲလေးကည(၈)နာရီတိုင်းအချိန်မှန်မှန်သံပုံးတီးပြီး ပြည်သူလူထုရဲ့ဆန္ဒနဲ့ထပ်တူကျကြောင်း သက်သေပြခဲ့သေးတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်းရွှေထူးနဲ့ရွှေမှုံတို့စုံတွဲလေးကကန်တော်ကြီးပတ်လမ်းကိုသွားရောက်ပြီးလူထုလှုပ်ရှားမှာပါဝင်ခဲ့သလိုစားစရာတွေပါလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ရွှေမှုံရတီကသဲနေမကောင်းပေမယ့်သဲတို့အဖွဲ့နဲ့ အတူတတ်နိုင်တဲ့ဘက်ကကူညီအားပေးခဲ့ပါတယ်အအေးကဒ်တွေနဲ့ ချိုချဉ်လေးတွေအမောပြေအောင်ကမ်းပေးခဲ့ပါတယ်အားလုံးအန္တရာယ်ကင်းကြပါစေသဲတစ်ပွင့်ဆိုပြီး လှုပ်ရှားမှုတွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။ရွှေမှုံရတီကတော့နေမကောင်းဖြစ်နေတာတောင်ခင်ပွန်းနဲ့အတူလမ်းပေါ်ထွက်ပြီးပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ပြခဲ့တာဖြစ်ပါတယ်။

Video ကြည့်ရန်

Zawgyi Version




Credit