CDM မှာ ပါဝင်ကြဖို့ အစိုးရရုံးတွေမှာ စည်းရုံးရေးဆင်းပြီး ငြိမ်းချမ်းစွာတောင်းဆိုနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ
ပြည်သူချစ်အနုပညာရှင်စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကတော့ပရိသတ်အားပေးမှုနဲ့ ရပ်တည်နေကြတဲ့ဇနီးမောင်နှံတွေပီပီအခုလို ပြည်တွင်းရေးမငြိမ်မသက်ဖြစ်နေစဉ်မှာလည်းမိဘပြည်သူပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်နေကြတာပဲဖြစ်ပါတယ်။ထိန်းသိမ်းခံထားရတဲ့သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ဒီမိုကရေစီရရှိဖို့ ပြည်သူလူထုနဲ့ပါဝင်တောင်းဆိုနေကြတဲ့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့နေ့စဉ်နေ့တိုင်းလိုလိုလမ်းပေါ်တက်ပြီးပြည်သူတွေနဲ့ငြိမ်းချမ်းစွာဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။
ဒီကနေ့ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာလည်းပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်စလုံးကCDM မှာပါဝင်ကြဖို့အစိုးရရုံးတွေမှာစည်းရုံးရေးဆင်းပြီးငြိမ်းချမ်းစွာတောင်းဆိုနေကြတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးအတွက်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ဒီကနေ့လှုပ်ရှားမှုတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကတော့ အကယ်ဒမီမင်းသား၊မင်းသမီးတွေဆိုပေမယ့် အခုလိုအရေးကြီးချိန်မှာပြည်သူ၊ပြည်သားတွေနဲ့ တစ်သားတည်းရှိပြီးငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတာပဲဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Zawgyi Version
ျပည္သူခ်စ္အႏုပညာရွင္စုံတြဲျဖစ္တဲ့ ေျပတီဦးနဲ႕အိႏၵျာေက်ာ္ဇင္တို႔ကေတာ့ပရိသတ္အားေပးမႈနဲ႕ ရပ္တည္ေနၾကတဲ့ဇနီးေမာင္ႏွံေတြပီပီအခုလို ျပည္တြင္းေရးမၿငိမ္မသက္ျဖစ္ေနစဥ္မွာလည္း မိဘျပည္သူပရိသတ္ေတြနဲ႕တစ္သားတည္းရပ္တည္ေနၾကတာပဲျဖစ္ပါတယ္။ထိန္းသိမ္းခံထားရတဲ့သမၼတႀကီးဦးဝင္းျမင့္နဲ႕နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔နဲ႕ဒီမိုကေရစီရရွိဖို႔ ျပည္သူလူထုနဲ႕ပါဝင္ေတာင္းဆိုေနၾကတဲ့ေျပတီဦးနဲ႕ အိႏၵျာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံကေတာ့ ေန႕စဥ္ေန႕တိုင္းလိုလိုလမ္းေပၚတက္ၿပီးျပည္သူေတြနဲ႕ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကတာပဲျဖစ္ပါတယ္။
ဒီကေန႕ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႕မွာလည္းေျပတီဦးနဲ႕အိႏၵျာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးကCDM မွာပါဝင္ၾကဖို႔အစိုးရ႐ုံးေတြမွာ စည္း႐ုံးေရးဆင္းၿပီးၿငိမ္းခ်မ္းစြာေတာင္းဆိုေနၾကတာကိုေတြ႕ရပါတယ္။ပရိသတ္ႀကီးအတြက္ ေျပတီဦးနဲ႕အိႏၵျာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံရဲ႕ဒီကေန႕လႈပ္ရွားမႈေတြကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ေျပတီဦးနဲ႕အိႏၵျာေက်ာ္ဇင္တို႔ကေတာ့ အကယ္ဒမီမင္းသား၊မင္းသမီးေတြဆိုေပမယ့္ အခုလိုအေရးႀကီးခ်ိန္မွာျပည္သူ၊ျပည္သားေတြနဲ႕ တစ္သားတည္းရွိၿပီးၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနၾကတာပဲျဖစ္ပါတယ္။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးသာယာေပ်ာ္႐ႊင္တဲ့ေန႕ေလးတစ္ေန႕ကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Credit