Cele News

CDM လှုပ်ရှားမှုပြုလုပ်ကြတဲ့ ဝန်ထမ်းတိုင်းကို လေးစားဂုဏ်ယူကြောင်းနဲ့ သူမသည်လည်း စစ်တပ်ပိုင်မည်သည့်ပစ္စည်းကိုမှ ကြော်ငြာရိုက်ကူးခြင်းမပြုလုပ်တော့ဟု ကတိပြုလာတဲ့ ခင်ဝင့်ဝါ

CDM လှုပ်ရှားမှုပြုလုပ်ကြတဲ့ဝန်ထမ်းတိုင်းကိုလေးစားဂုဏ်ယူကြောင်းနဲ့သူမသည်လည်းစစ်တပ်ပိုင်မည်သည့်ပစ္စည်းကိုမှကြော်ငြာရိုက်ကူးခြင်းမပြုလုပ်တော့ဟု ကတိပြုလာတဲ့ ခင်ဝင့်ဝါ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးခင်ဝင့်ဝါကဘာဘီရုပ်လေးတစ်ရုပ်လိုချစ်စရာကောင်းပြီးချောမောလှပတဲ့ရုပ်ရည်လေးရှိတဲ့အပြင်ဟန်ဆောင်မှုအရှိပဲပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာဗီဒီယိုဇာတ်ကားတွေများစွာကိုရိုက်ကူးအောင်မြင်လာတာဖြစ်ပြီးနောက်ပိုင်းတွင်ရုပ်ရှင်ဇာတ်ကြီးတွေကိုပါပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ခင်ဝင့်ဝါကတော့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေကာကြော်ငြာတွေနဲ့ Photo Shooting တွေအပြင်Live sale တွေကိုပါကြိုးစားလုပ်ကိုင်နေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။လတ်တလောမှာတော့ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာပူးပေါင်းပါဝင်ကာသူမရဲ့Social Networkထက်တွင် CDMမှာပါဝင်ပေးနေကြတဲ့ပြည်သူ့ဝန်ထမ်းများအားလုံးကိုတစ်ဦးတစ်ယောက်ချင်းစီလေးစားဂုဏ်ယူအသိမှတ်ပြုပါတယ်။

ဝင့်ဝါကိုယ်တိုင်ကပြည်သူ့ဝန်ထမ်းမဟုတ်တဲ့အတွက်CDMမှာဘာမှထိထိရောက်ရောက်မပါဝင်နိုင်တာအလွန်စိတ်မကောင်းဖြစ်မိပါတယ်ဒါကြောင့်သရုပ်ဆောင်ပြည်သူတစ်ယောက်အနေနဲ့ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပါဝင်ပါမယ်။ကျွန်မ ခင်ဝင့်ဝါသည်ဒီနေ့ဒီအချိန်မှစ၍ စစ်အာဏာရှင်များနှင့်ဆက်စပ်တဲ့မည်သည့်စီးပွားရေးလုပ်ငန်းကိုမှကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်သလိုစစ်အာဏာရှင်များနှင့်ဆက်စပ်သောထုတ်လုပ်ရေးများနှင့်လည်းမည်သည့်အနုပညာလှုပ်ရှားမှုကိုမှပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါဆိုတဲ့စာသားလေးကိုရေးသားဖော်ပြလာတာဖြစ်တာကြောင့် ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်။


Zawgyi version




Credit