ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ထပ်မံတောင်းဆိုလိုက်တဲ့အောင်လအန်ဆန်
ဝမ်းမစ်ဒယ်ဝိတ်ချန်ပီယံဟောင်းအောင်လအန်ဆန်ကတပ်မတော်မှဖမ်းဆီးထိန်းသိမ်းထားတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။အောင်လအန်ဆန်ကကျွန်တော်တို့နိုင်ငံမှာတပ်မတော်ကအာဏာသိမ်းတာဒီနေ့နဲ့ဆို၁၆ရက်ရှိပါပြီ။ဒီအခြေအနေပေါ်ချက်ချင်းဆိုသလိုပြည်သူတွေ၊ အစိုးရ၀န်ထမ်းတွေ၊ဆရာဝန်တွေ၊ရှေ့နေတွေနဲ့ရဲဝန်ထမ်းတွေကပါCDMလှုပ်ရှားမှုနဲ့အတူငြိမ်းငြိမ်းချမ်းချမ်းနဲ့တွန်းလှန်နေကြပါတယ်။
မမျှော်လင့်စွာပဲဒီရက်တွေမှာနေပြည်တော်၊မန္တလေးစတဲ့မြို့တွေမှာဆန္ဒပြသူတွေကိုဖြိုခွင်းတာတွေကပိုပြီးဆိုးရွားလာနေတာတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကပဲကျွန်တော့်မွေးရပ်မြေမြစ်ကြီးနားမှာလည်းပြည်သူတွေပစ်ခတ်နှိမ်နှင်းခံခဲ့ရပါသေးတယ်။ဒါတင်မကဘူးအာဏာထိန်းသိမ်းတဲ့အခြေအနေကိုထိပါးခြိမ်းခြောက်တဲ့ဘယ်သူ့ကိုမဆိုဖမ်းဆီးလို့ရမယ့်ဥပဒေတွေကိုပါထပ်ပြီးထုတ်ပြန်တယ်။
ပြည်တွင်းကလူတော်တော်များများလည်းညကြီးမိုးချုပ်တွေမှာအကြောင်းပြချက်မရှိပဲဖမ်းဆီးခံနေရသလိုအင်တာနက်သုံးစွဲတာတွေကိုပါထိန်းချုပ်ကန့်သတ်ထားတာတွေရှိနေတယ်။အဲ့ဒီအပြင်ဒီကာလမျိုးမှာအကျဉ်းသားနှစ်သောင်းကျော်လွှတ်ပေးပြီးတော့အဲ့ဒီလွတ်လာတဲ့အထဲကတချို့ကသာမာန်ပြည်သူတွေလုံခြုံအေးချမ်းမှုကိုအနှောက်အယှက်ဖြစ်မယ့်အပြုအမူတွေလုပ်လာနေကြတယ်။
လောလောဆယ်မှာဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ပါတီတွင်းကခေါင်းဆောင်တွေ၊အစိုးရအဖွဲ့ဝင်တွေလည်းထိမ်းသိမ်းခံနေရပြီးသူတို့နဲ့ပတ်သက်တဲ့သတင်းတိတိကျကျတောင်မှကျွန်တော်တို့မကြားရသေးဘူး။ဒီအခြေနေတွေအားလုံးအပေါ်မှာကျွန်တော်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။မြန်မာနိုင်ငံကဒီမိုကရေစီအရသာကိုခံစားရတာနှစ်အနည်းငယ်ပဲရှိပါသေးတယ်။အခုတော့ဒါတွေအားလုံးကလက်ရှိအခြေအနေမှာပျက်စီးခဲ့ရပါတယ်။လတ်တလောမှာမြန်မာနိုင်ငံသားတွေတညီတည်းရှိနေတဲ့ဆန္ဒတွေက
ဒီအာဏာသိမ်းမှုကိုနောက်ပြန်လှည့်ပေးဖို့
ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကိုပြန်လွှတ်ဖို့နဲ့ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တစ်ကမ္ဘာလုံးကိုမေတ္တာရပ်ခံချင်တာကဒီအခြေအနေမှာမြန်မာနိုင်ငံသားတွေရဲ့အသံကိုနားစွင့်ပေးဖို့နဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြန်လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက်သူတို့အကူအညီတွေပြသပေးဖို့ပါ။
ဒီအခြေအနေကိုငြိမ်းချမ်းစွာတွန်းလှန်ဖို့ကြိုးစားကြတဲ့ဘယ်လှုပ်ရှားမှုကိုမဆိုကျွန်တော်ထောက်ခံအားပေးပါတယ်။နောက်ထပ်ကျွန်တော်တိုက်တွန်းချင်တာကနိုင်ငံသားကောင်းပီသစွာယဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ငြိမ်းငြိမ်းချမ်းချမ်းနဲ့မိမိတို့ဆန္ဒရှိရာကိုဆက်လက်ထုတ်ဖေါ်ပေးဖို့ပါ။ဆန္ဒထုတ်ဖော်တဲ့နေရာမှာရန်လိုမှုနဲ့စရင်ရန်လိုမှုနဲ့ပဲကြုံကြရလိမ့်မယ်။ဒါတွေကိုကျော်ဖြတ်ဖို့အတွက်တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့အာရုံစူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ဒီလိုအခြေအနေမှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးဘေးကင်းစေဖို့ကျွန်တော်ဆက်ပြီးဆုတောင်းနေပါမယ်။
Credit