CDM မှာပါဝင်ပေးကြရန်နေပူထဲမှာမမောမပန်းနိုင်အောင်တောင်းဆိုရင်းဆန္ဒထုတ်ဖော်ခဲ့တဲ့ဖွေးဖွေး
မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်လူထုဆန္ဒပြပွဲတွေမှာပြည်သူလူထုနဲ့အတူတူအနုပညာရှင်အချို့ကလည်း ပူးပေါင်းပါဝင်လာပြီးဆန္ဒပြဖော်ထုတ်နေကြတာပဲဖြစ်ပါတယ်။အနုပညာလောကရဲ့အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်ဖြစ်တဲ့သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးကလည်းနိုင်ငံသားတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေလျက်ရှိပြီးCDMမှာပါဝင်ကြတဲ့ပြည်သူ့ဝန်ထမ်းတွေအတွက်အားပေးကူညီဖေးမပေးနေတာပဲဖြစ်ပါတယ်။
လတ်တလောမှာဆိုရင်တော့ဖွေးဖွေးကပြည်သူလူထုနဲ့အတူရပ်တည်ကာဆန္ဒထုတ်ဖော်မှုတွေကိုမမောမပန်းနိုင်အောင်တက်တက်ကြွကြွလုပ်ဆောင်နေတာတွေ့မြင်ရပါတယ်။အခုလည်းCDMမှာပါဝင်ပေးကြရန်တောင်းဆိုရင်းဆန္ဒထုတ်ဖော်နေတဲ့ပုံရိပ်လေးတွေနဲ့အတူCDMers= HEROESနောက်တပတ်လည်းရုံးမတက်ကြပါနဲ့ဦးCDMပြည်သူ့ဝန်ထမ်းတွေဘက်မှာကျွန်တော်/ကျွန်မတို့အားလုံးရှိပါတယ်။
အခုကြောက်နေရင်နောက်မျိုးဆက်တွေခေတ်အဆက်ဆက်ကြောက်သွားရလိမ့်မယ်။အရေးတော်ပုံအောင်ရမည်။ဆိုတဲ့စာလေးကိုဝေမျှထားတာဖြစ်ပါတယ်။ဖွေးဖွေးကတော့CDMမှာပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုနောက်အပတ်မှာလည်းရုံးမတက်ကြပါနဲ့ဦးလို့မေတ္တာရပ်ခံလာသလိုပြည်သူ့ ဝန်ထမ်းတွေအတွက်လည်းအားပေးထောက်ပံ့မှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။
Zawgyi version
အႏုပညာေလာကရဲ႕ အေအာင္ျမင္ဆုံးမင္းသမီးတစ္ေယာက္ျဖစ္တဲ့ သုံးထပ္ကြမ္းအကယ္ဒမီဆုရွင္ ေဖြးေဖြးကလည္း နိုင္ငံသားတစ္ေယာက္အေနနဲ႕ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနလ်က္ရွိၿပီး CDM မွာ ပါဝင္ၾကတဲ့ ျပည္သူ႕ဝန္ထမ္းေတြအတြက္ အားေပးကူညီေဖးမေပးေနတာပဲ ျဖစ္ပါတယ္။
အခုလည္း CDM မွာပါဝင္ေပးၾကရန္ေတာင္းဆိုရင္းဆႏၵထုတ္ေဖာ္ေနတဲ့ပုံရိပ္ေလးေတြနဲ႕အတူCDMers = HEROES ေနာက္တပတ္လည္း႐ုံးမတက္ၾကပါနဲ႕ဦးCDMျပည္သူ႕ဝန္ထမ္းေတြဘက္မွာကြၽန္ေတာ္/ကြၽန္မတို႔အားလုံးရွိပါတယ္။
အေရးေတာ္ပုံေအာင္ရမည္။ဆိုတဲ့စာေလးကိုေဝမွ်ထားတာျဖစ္ပါတယ္။ေဖြးေဖြးကေတာ့ CDM မွာပါဝင္ေပးၾကတဲ့ ျပည္သူ႕ဝန္ထမ္းေတြကို ေနာက္အပတ္မွာလည္း ႐ုံးမတက္ၾကပါနဲ႕ဦးလို႔ ေမတၱာရပ္ခံလာသလို ျပည္သူ႕ဝန္ထမ္းေတြအတြက္လည္း အားေပးေထာက္ပံ့မႈေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။
Credit