လူထုလှုပ်ရှားမှုတွေကိုရဲဝံ့စွာနဲ့ပါ၀င်နေရုံသာမကပြည်သူတွေအတွက်ထောပတ်ထမင်းနဲ့ကြက်သားဟင်းပါချက်ပြုတ်လှူဒါန်းခဲ့တဲ့ဖွေးဖွေး
လတ်တလောမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့်ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့အရှိန်အဟုန်မြင့်လာတဲ့လူထုလှုပ်ရှားမှုကြီးမှာဆိုရင်အနုပညာရှင်တွေအနေနဲ့လည်းတက်ကြွစွာပါ၀င်လှုပ်ရှားနေကြသလိုဖွေးဖွေးတစ်ယောက်လည်းစိတ်အားထက်သန်စွာနဲ့ပါ၀င်လှုပ်ရှားနေတာကိုတွေ့ရပါတယ်နော်။
ဖွေးဖွေးဟာမကြာသေးမီကလည်းသူမရဲ့Facebook စာမျက်နှာမှာဦးလူမင်းပါသွားပါပြီဖွေးတို့လဲအချိန်မရွေးပါနိုင်ပါတယ်။ဘယ်သူလာဖမ်းဖမ်းCDM ဆက်လုပ်ကြပါ။တကယ်ထိရောက်ပါတယ်ရုံးမတက်ကြပါနဲ့တော့အသက်ပေးဆပ်ခဲ့ရတဲ့လူငယ်လေးတွေလူကြီးတွေအတွက်လဲကြိတ်မနိုင်ခဲမရမျက်ရည်ကျရတယ်ဘာပဲဖြစ်ဖြစ်ဒီတခါအမှန်တရားကိုအမှားတရားကနိုင်လို့မရဘူးစစ်အာဏာရှင်ကျဆုံးပါစေ။
မြန်မာပြည်သူပြည်သားများငြိမ်းချမ်းစွာအိပ်နိုင်နိုးထနိုင်တဲ့ခေါင်းဆောင်ကောင်းတွေလက်ထဲအမြန်ပြန်ရောက်ပါစေကြောက်ခေတ်ကိုပြန်မသွားကြေးယနေ့အလှူထောပတ်ထမင်းနဲ့ကြက်သားဟင်း၁၄၄ပွဲ I hope that People don’t react and can get some help from international.Once people react with violence,military can announce the detainment and will Get worseအရေးတော်ပုံအောင်ရမည်အကြမ်းမဖက်ဆန္ဒဆက်ပြမယ့်လူများCDMဝန်ထမ်းများကိုလေးစားလျက်ဖွေးဖွေးဆိုပြီးရေးသားထားပါတယ်။ကဲပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
တကယ္ထိေရာက္ပါတယ္႐ုံးမတက္ၾကပါနဲ႕ေတာ့အသက္ေပးဆပ္ခဲ့ရတဲ့လူငယ္ေလးေတြလူႀကီးေတြ အတြက္လဲႀကိတ္မနိုင္ခဲမရမ်က္ရည္က်ရတယ္ ဘာပဲျဖစ္ျဖစ္ဒီတခါအမွန္တရားကိုအမွားတရားကနိုင္လို႔မရဘူးစစ္အာဏာရွင္က်ဆဳံးပါေစ။
ျမန္မာျပည္သူျပည္သားမ်ားၿငိမ္းခ်မ္းစြာအိပ္နိုင္ နိုးထနိုင္တဲ့ေခါင္းေဆာင္ေကာင္းေတြလက္ထဲအျမန္ျပန္ေရာက္ပါေစေၾကာက္ေခတ္ကိုျပန္မသြားေၾကးယေန႕အလႉေထာပတ္ထမင္းနဲ႕ၾကက္သားဟင္း၁၄၄ ပြဲ I hope that People don’t react and can get some help from international.Once people react with violence,military can announce the detainment and will Get worse အေရးေတာ္ပုံေအာင္ရမည္အၾကမ္းမဖက္ဆႏၵ ဆက္ျပမယ့္လူမ်ားCDMဝန္ထမ္းမ်ားကိုေလးစားလ်က္ေဖြးေဖြးဆိုၿပီးေရးသားထားပါတယ္။
Credit