အသက်အန္တရာယ်ကိုမမှုဘဲနေ့တိုင်းလှုပ်ရှားနေကြတဲ့ပြည်သူတွေအဟာရပြည့်ဖို့အတွက်စားစရာတွေကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းကြတဲ့လွင်မိုးတို့မိသားစု
ပရိသတ်တွေချစ်ခင်အားပေးရတဲ့ဝါရင့်သရုပ်ဆောင်လွင်မိုးကတော့လက်ရှိဖြစ်ပေယ်နေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့တစ်သားတည်းရှိနေပေးတာလည်းဖြစ်ပါတယ်။ဦးလွင်မိုးကGen Xမျိုးစက်ဖြစ်ပေမယ့်အိမ်ထဲမှာမနေဘဲပြည်သူတွေကိုတစ်တပ်တစ်အားပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။လွင်မိုးရဲ့သမီးကြီးလေးယွန်းဝတီလွင်မိုးကလည်းအခုရောက်ရှိနေတဲ့ဩစတေးလျနိုင်ငံမှာပဲမြန်မာလူမျိုးတွေနဲ့အတူလမ်းမပေါ်ထွက်ပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာလွင်မိုးတို့မိသားစုကလည်းတစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။
ဦးလွင်မိုးကတော့တစ်ခေတ်တစ်ခါတုန်းကအခြေအနေတွေကိုလည်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်လို့အခုလိုအချိန်မျိုးမှာလူငယ်တွေကို းလွတ်မြောက်ဖို့နည်းလမ်းတွေ၊ကာကွယ်ရပုံတွေကိုသူသိသလောက်သင်ပြပေးတာဖြစ်ပါတယ်။ဦးလွင်မိုးနဲ့ဦးဇင်ဝိုင်းတို့နှစ်ယောက်ကလူငယ်တွေနဲ့အတူနေ့တိုင်းလမ်းမပေါ်ထွက်ပြီးစိတ်ဓာတ်အားမာန်အပြည့်နဲ့လူထုလှုပ်ရှားမှုတွေမှာပါဝင်နေတာဖြစ်ပါတယ်။လွင်မိုးရဲ့ဇနီးသည်ကလည်းအိမ်ထဲမှာအလကားမနေဘဲပြည်သူတွေအဟာရပြည့်ဖို့အတွက်မုန့်တွေကိုယ်တိုင်လုပ်ပြီးလှူဒါန်းနေတာဖြစ်ပါတယ်။
လွင်မိုးရဲ့ဇနီးကတော့နွေဦးတော်လှန်ရေး၊ ခွန်အားဖြည့်အလှူမှတ်တမ်းGXတွေအိမ်ထဲမှာနေနေရတာကိုတာဝန်မကျေဘူးလို့ခံစားနေရတယ်၊စားလည်းဒီစိတ်၊အိပ်လည်းဒီစိတ်ပါပဲကလေးတို့ရေ၊စွမ်းအားရှိသလောက်အတူပါဝင်အားဖြည့်သွားမှာပါဆိုပြီးရေးသားထားတာဖြစ်ပါတယ်။လွင်မိုးတို့မိသားစုကတော့ပြည်သူလူထုအတွက်လိုအပ်တဲ့နေရာကနေတတ်အားသ၍ကူညီပေးဖို့အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ယခုလိုအချိန်မှာပြည်သူလူထုအချင်းချင်းကသာကာကွယ်စောင့်ရှောက်ကြပြီးကိုယ့်မိသားစုဝင်လိုမျိုးကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။
Zawgyi Version
ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ ဝါရင့္သ႐ုပ္ေဆာင္လြင္မိုးကေတာ့ လက္ရွိျဖစ္ေပယ္ေနတဲ့အေျခအေနေတြမွာ ျပည္သူေတြနဲ႕တစ္သားတည္းရွိေနေပးတာလည္းျဖစ္ပါတယ္။ဦးလြင္မိုးက Gen X မ်ိဳးစက္ျဖစ္ေပမယ့္အိမ္ထဲမွာမေနဘဲျပည္သူေတြကိုတစ္တပ္တစ္အားပါဝင္ကူညီေပးေနတာျဖစ္ပါတယ္။
ဦးလြင္မိုးကေတာ့တစ္ေခတ္တစ္ခါတုန္းကအေျခအေနေတြကိုလည္းကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတာျဖစ္လို႔အခုလိုအခ်ိန္မ်ိဳးမွာလူငယ္ေတြကို းလြတ္ေျမာက္ဖို႔နည္းလမ္းေတြ၊ကာကြယ္ရပုံေတြကိုသူသိသေလာက္သင္ျပေပးတာျဖစ္ပါတယ္။ဦးလြင္မိုးနဲ႕ဦးဇင္ဝိုင္းတို႔ႏွစ္ေယာက္ကလူငယ္ေတြနဲ႕အတူေန႕တိုင္းလမ္းမေပၚထြက္ၿပီးစိတ္ဓာတ္အားမာန္အျပည့္နဲ႕လူထုလႈပ္ရွားမႈေတြမွာပါဝင္ေနတာျဖစ္ပါတယ္။
လြင္မိုးရဲ႕ဇနီးကေတာ့ႏြေဦးေတာ္လွန္ေရး၊ ခြန္အားျဖည့္အလႉမွတ္တမ္းGXေတြအိမ္ထဲမွာေနေနရတာကိုတာဝန္မေက်ဘဴးလို႔ခံစားေနရတယ္၊စားလည္းဒီစိတ္၊အိပ္လည္းဒီစိတ္ပါပဲကေလးတို႔ေရ၊စြမ္းအားရွိသေလာက္အတူပါဝင္အားျဖည့္သြားမွာပါဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။
Credit