လှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေပြီးလမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း အလှူငွေတွေလှူဒါန်းနေတဲ့ဝတ်မှုံရွှေရည်
ပရိသတ်တွေချင်ခင်အားပေးရတဲ့မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်းလုပ်နိုင်သမျှတွေကိုတတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်လုပ်ဆောင်နေပြီးပြည်သူ့တာဝန်တွေကိုထမ်းဆောင်ကာလူထုလှုပ်ရှားမှုတွေပြုလုပ်နေတာလည်းတွေ့ရပါတယ်။
ရွှေကစ်လေးကတော့လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေတဲ့အပြင်လမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ပြည်သူ့ဝန်ထမ်းတွေအတွက်လည်းအလှူငွေတွေသိန်းချီလှူဒါန်းနေတာကိုမကြာခဏဆိုသလိုမြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်တွေကတည်းကပြည်သူ့ဝန်ထမ်းတွေအတွက်အလှူငွေတွေသိန်းချီလှူဒါန်းခဲ့တဲ့အပြင်ဒီကနေ့လေးမှာလည်းအလှူငွေ(၁၀)သိန်းကိုထပ်မံလှူဒါန်းခဲ့တဲ့အကြောင်းလေးကိုရွှေကစ်လေးကသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေအသိပေးဝေမျှထားတာပါ။
အခက်အခဲဖြစ်နေသောCDMဝန်ထမ်းများအတွက်လိုအပ်သည့်နေရာများတွက်အသုံးပြုနိုင်ရန်အလှူငွေထပ်မံလှူဒါန်းထားပါတယ်ဆိုပြီးကစ်ကပရိသတ်တွေကိုဝေမျှပြောပြထားတာပါ။လှုပ်ရှားမှုတွေမှာကိုယ်တိုင်ပူးပေါင်းပါဝင်သလိုလမ်းထွက်သူရဲကောင်းတွေအတွက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင်CDMဝန်ထမ်းတွေအတွက်လည်းအလှူငွေထည့်ဝင်လှူဒါန်းကာအဖက်ဖက်ကနေပြည်သူတွေနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်နော်။
Zawgyi Version
Credit