Cele News

မန္တလေးကမီးဘေးသင့်ပြည်သူတွေအတွက် အိမ်သုံးပစ္စည်းနဲ့အလှူငွေတွေလှူဒါန်းပြီး အားပေးကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း

မန္တလေးကမီးဘေးသင့်ပြည်သူတွေအတွက်အိမ်သုံးပစ္စည်းနဲ့အလှူငွေတွေလှူဒါန်းပြီးအားပေးကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေနဲ့ချစ်စနိုးနဲ့ခေါ်ကြတဲ့မအေးသောင်းကတော့အနုပညာလောကမှာအခိုင်အမာအောင်မြင်မှုနေရာတခုရရှိနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မအေးသောင်းကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာရဲရဲရင့်ရင့်ပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်သလိုလှူဒါန်းမှုတွေပြုလုပ်ပြီးတော့လည်းပြည်သူတွေနဲ့ရပ်တည်နေသူလည်းဖြစ်ပါတယ်။အေးဝတ်ရည်သောင်းကတော့မတ်လ(၂၇)ရက်နေ့ကမန္တလေးမြို့ ၁၁၆လမ်း၅၆/၅၇ကြားမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးအိမ်ထောင်စု(၇၀)ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့မီးဘေးသင့်ခဲ့တဲ့ပြည်သူတွေအတွက်ဒီကနေ့မှာပဲလှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

၂၇ရက်နေ့မနေ့ညကမန္တလေး၁၁၆လမ်း၅၆/၅၇ ကြား မီးလောင်မှုဖြစ်ပွားသွားရာတွင်အိမ်ခြေအိမ်ထောင်စု၇၀ကျော်၈၀နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့သိရပါတယ်ရှင်ဒီနေ့အိမ်ထောင်စုများအတွက်ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက်ဒယ်အိုးပန်ကန်ဇွန်းရေခွက် အစရှိသည်တို့နှင့်အတူတစ်အိမ်ထောင်စုလျှင် အလှူငွေ၂၀၀၀၀ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများသာဓုသာဓုသာဓုပါရှင်။အစစအရာရာစီစဉ်ပေးတဲ့ကိုမျိုးကြီး( ပန်းပျိုးသူ)ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်

ဒီနေ့နေ့လည် ၁ နာရီမှာလည်းမီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှမိန်းကလေးတစ်ဦးလည်းဖွားမြင်ခဲ့ပါတယ်ရှင့်။ဆိုပြီးအလှူပုံရိပ်တွေကိုမျှဝေထားတာဖြစ်ပါတယ်။မီးဘေးသင့်ပြည်သူတွေအတွက်လိုအပ်တာတွေလှူဒါန်းရင်းကိုယ်တိုင်ကိုယ်ကျဖေးမကူညီခဲ့တဲ့အေးဝတ်ရည်သောင်းရဲ့စိတ်ထားလေးနဲ့အလှူပုံရိပ်လေးတွေကိုလည်းပရိသတ်တွေကချီးကျူးကာအားပေးစကားလေးတွေပြောထားကြတာလည်းတွေ့ရပါတယ်။

Zawgyi version

မေအးေသာင္းကေတာ့ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာရဲရဲရင့္ရင့္ပါဝင္ၿပီးလူထုလႈပ္ရွားမႈေတြမွာကိုယ္တိုင္ပါဝင္သလိုလႉဒါန္းမႈေတြျပဳလုပ္ၿပီးေတာ့လည္းျပည္သူေတြနဲ႕ရပ္တည္ေနသူလည္းျဖစ္ပါတယ္။ေအးဝတ္ရည္ေသာင္းကေတာ့မတ္လ(၂၇)ရက္ေန႕ကမႏၱေလးၿမိဳ႕၁၁၆လမ္း၅၆/၅၇ၾကားမွာမီးေလာင္မႈျဖစ္ပြားခဲ့ၿပီးအိမ္ေထာင္စု(၇၀)ေက်ာ္အိုးမဲ့အိမ္မဲ့ျဖစ္သြားခဲ့ရတဲ့မီးေဘးသင့္ခဲ့တဲ့ျပည္သူေတြအတြက္ဒီကေန႕မွာပဲလႉဒါန္းမႈေတြျပဳလုပ္ခဲ့ပါတယ္။

၂၇ရက္ေန႕မေန႕ညကမႏၱေလး၁၁၆လမ္း ၅၆/၅၇ ၾကား မီးေလာင္မႈျဖစ္ပြားသြားရာတြင္အိမ္ေျခအိမ္ေထာင္စု၇၀ေက်ာ္ ၈၀နီးပါးအိုးမဲ့အိမ္မဲ့ျဖစ္သြားတယ္လို႔သိရပါတယ္ရွင္ဒီေန႕အိမ္ေထာင္စုမ်ားအတြက္က်မႏွင့္ online မွအလႉရွင္မ်ားလိုအပ္တဲ့အိုးခြက္ဒယ္အိုးပန္ကန္ဇြန္းေရခြက္ အစရွိသည္တို႔ႏွင့္အတူတစ္အိမ္ေထာင္စုလွ်င္ အလႉေငြ ၂၀၀၀၀က်ပ္လႉဒါန္းခဲ့ပါသည္ရွင့္။

ဆိုၿပီးအလႉပုံရိပ္ေတြကိုမွ်ေဝထားတာျဖစ္ပါတယ္။မီးေဘးသင့္ျပည္သူေတြအတြက္လိုအပ္တာေတြလႉဒါန္းရင္း ကိုယ္တိုင္ကိုယ္က်ေဖးမကူညီခဲ့တဲ့ေအးဝတ္ရည္ေသာင္းရဲ႕စိတ္ထားေလးနဲ႕အလႉပုံရိပ္ေလးေတြကိုလည္းပရိသတ္ေတြကခ်ီးက်ဴးကာအားေပးစကားေလးေတြေျပာထားၾကတာလည္းေတြ႕ရပါတယ္။

Credit