သရုပ်ဆောင်ပိုင်တံခွန်မြောက်ဒဂုံအိမ်တွင်ဖမ်းဆီးခံရ
စစ်ကောင်စီရဲ့ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်ခြင်းခံထားရတဲ့သရုပ်ဆောင်ပိုင်တံခွန်ဟာယနေ့၊ဧပြီလ၈ရက်နေ့၊မနက်၅နာရီအချိန်ခန့်ကရန်ကုန်မြို့ရှိမြောက်ဒဂုံနေအိမ်မှာဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
ပိုင်တံခွန်ဟာလက်ရှိနေထိုင်မကောင်းဖြစ်ကာ ကျန်းမာရေးဆိုးရွားနေပြီး၊ပိုင်တံခွန်အားအမြန်ဆုံးပြန်လွှတ်ပေးဖို့ဝိုင်းဝန်းဆုတောင်းပေးကြပါဦးလို့အစ်မဖြစ်သူမေချစ်သွေးကဆိုပါတယ်။
ဒီနေ့မနက်၅နာရီမှာရဲနဲ့စစ်သားကား၈စီးနဲ့ပိုင်တံခွန်ကိုလာဖမ်းသွားကြပါပြီ။မြောက်ဒဂုံအိမ်မှာလာဖမ်းသွားတာပါ။Speak Outများများလေးလုပ်ပေးကြပါ။ကျန်းမားရေးအရမ်းဆိုးနေလို့ဝိုင်းဝန်းဆုတောင်းပေးကြပါဦးလို့ပိုင်တံခွန်ရဲ့အစ်မမေချစ်သွေးကဆိုပါတယ်။
Crd