Cele News

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်ကို ဖမ်းဆီးမိဟု စစ်ကောင်စီ မီဒီယာ ကြေညာ

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်ကိုဖမ်းဆီးမိဟုစစ်ကောင်စီမီဒီယာကြေညာ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အနုပညာရှင်စုံတွဲဖြစ်တဲ့သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင် အနုပညာနယ်ပယ်မှာကိုယ်စီအောင်မြင်နေတဲ့သူတွေသာမက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူတွေနဲ့တသားတည်းတတ်ညီလက်ညီရပ်တည်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပုဒ်မ-၅၀၅(က)ဖြင့်အမှုဖွင့်ကာဖမ်းဝရမ်းထုတ်ခံထားရသည့်သရုပ်ဆောင်ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကိုဖမ်းဆီးရမိကြောင်း MRTVည(၈)နာရီသတင်းတွင်ကြေညာသွားသည်။

အကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံအားသူတို့နေထိုင်ရာဗဟန်းမြို့နယ်နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့သိရပါတယ်။ပရိသတ်တွေကလည်းပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံအားအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါဦး။

Zawgyi Version




Credit