Cele News

အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ မေတိုးခိုင် ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးနေတဲ့ မှုံ့နံ့သာကျော်ရဲအောင်

အစ်မတစ်ယောက်လိုချစ်ခင်ရတဲ့မေတိုးခိုင်ဘေးကင်းလုံခြုံပါစေလို့ဆုတောင်းပေးနေတဲ့မှုံ့နံ့သာကျော်ရဲအောင်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးမေတိုးခိုင်ကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်း​ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ပြည်သူတွေနဲ့တစ်သွေးတည်းတစ်သားတည်းရပ်တည်ပေးခဲ့တဲ့အတွက်လည်းပရိသတ်တွေကလေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့သူမနဲ့ပတ်သက်ပြီးစိတ်မကောင်းစရာသတင်းတစ်ခုကြားနေရတာဖြစ်ပါတယ်။ဒါကတော့သရုပ်ဆောင်မေတိုးခိုင်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီလို့သတင်းထွက်နေတာပါ။ဒီသတင်းမှန်ကန်တယ်လို့ဘယ်သူတစ်ဦးတစ်ယောက်ကမှတိတိကျကျမသိကြရသေးပါဘူး။ဒါပေမယ့်လည်းအနုပညာအသိုင်းအဝိုင်းမှညီအစ်ကိုမောင်နှမများနဲ့ပရိသတ်များကသူမအတွက်စိုးရိမ်နေကြတာပါ။

မကြာသေးခင်နာရီပိုင်းလောက်ကလည်းသရုပ်ဆောင်ကျော်ရဲအောင်ရဲ့သမီးမှုံနံ့သာကျော်ရဲအောင်ရဲ့Instagram လူမှုကွန်ယက်တွင်ပုံလေးတစ်ပုံတင်ထားတာဖြစ်ပါတယ်။ဒါကတော့အစ်မတစ်ယောက်လိုချစ်ခင်ရတဲ့မေတိုးခိုင်ဘေးကင်းလုံခြုံပါစေလို့ဆုတောင်းပေးနေတာပဲဖြစ်ပါတယ်။မှုံနံ့သာကလည်း Praying For your safety Ma Phoo ဆိုပြီးရေးသားထားတာပဲဖြစ်ပြီးပရိသတ်တွေအတွက်ဒီသတင်းကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးေခ်ာေလးေမတိုးခိုင္ကေတာ့ျမန္မာနိုင္ငံတြင္လက္ရွိျဖစ္ေပၚေနတဲ့လူထုလႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူတက္ႂကြစြာပူးေပါင္း​ပါဝင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ျပည္သူေတြနဲ႕တစ္ေသြးတည္းတစ္သားတည္းရပ္တည္ေပးခဲ့တဲ့အတြက္လည္းပရိသတ္ေတြကေလးစားဂုဏ္ယူေနၾကတာျဖစ္ပါတယ္။

ဒီကေန႕မွာေတာ့သူမနဲ႕ပတ္သက္ၿပီးစိတ္မေကာင္းစရာသတင္းတစ္ခုၾကားေနရတာျဖစ္ပါတယ္။ဒါကေတာ့သ႐ုပ္ေဆာင္ေမတိုးခိုင္ဖမ္းဆီးထိန္းသိမ္းခံလိုက္ရၿပီလို႔သတင္းထြက္ေနတာပါ။ဒီသတင္းမွန္ကန္တယ္လို႔ဘယ္သူတစ္ဦးတစ္ေယာက္ကမွတိတိက်က်မသိၾကရေသးပါဘူး။ဒါေပမယ့္လည္းအႏုပညာအသိုင္းအဝိုင္းမွညီအစ္ကိုေမာင္ႏွမမ်ားနဲ႕ပရိသတ္မ်ားကသူမအတြက္စိုးရိမ္ေနၾကတာပါ။

မၾကာေသးခင္နာရီပိုင္းေလာက္ကလည္းသ႐ုပ္ေဆာင္ေက်ာ္ရဲေအာင္ရဲ႕သမီးမႈံနံ႕သာေက်ာ္ရဲေအာင္ရဲ႕Instagram လူမႈကြန္ယက္တြင္ပုံေလးတစ္ပုံတင္ထားတာျဖစ္ပါတယ္။ဒါကေတာ့အစ္မတစ္ေယာက္လိုခ်စ္ခင္ရတဲ့ေမတိုးခိုင္ေဘးကင္းလုံၿခဳံပါေစလို႔ဆုေတာင္းေပးေနတာပဲျဖစ္ပါတယ္။မႈံနံ႕သာကလည္း Praying For your safety Ma Phoo ဆိုၿပီးေရးသားထားတာပဲျဖစ္ၿပီးပရိသတ္ေတြအတြက္ဒီသတင္းကိုတစ္ဆင့္ းျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Credit