Cele News

ရည်ရွယ်ချက်မပျောက်၊ သွေးမအေးသွားဘဲ အချင်းချင်းတန်ဖိုးထားကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောပြလာတဲ့ အောင်ထက်

ရည်ရွယ်ချက်မပျောက်၊သွေးမအေးသွားဘဲ အချင်းချင်းတန်ဖိုးထားကြဖို့ပြည်သူတွေကိုတိုက်တွန်းပြောပြလာတဲ့အောင်ထက်

ဂီတလောကမှာအောင်မြင်တွေများစွာပိုင်ဆိုင်ထားတဲ့ အဆိုတော်အောင်ထက်ကတော့ဆွဲဆောင်မှုရှိပြီးအသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေသီဆိုတတ်တာကြောင့်ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားသူကတစ်ယောက်ဖြစ်ပါတယ်။

အောင်ထက်ကတော့အိပ်မက်စုံရာသီချင်းဆိုပြိုင်ပွဲကြီးနေပရိသတ်တွေရဲ့အားပေးမှုတွေကို စတင်ရရှိကာအောင်မြင်မှုလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီးလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်းပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေသူပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေကိုအင်တိုက်အားတိုက်ပြုလုပ်တာတွေကြောင့်၅၀၅ကဖြင့်အမှုဖွင့်အရေးယူထားခြင်းခံထားရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့အောင်ထက်ကတော့လတ်တလောမှာလည်းတတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေတာလည်းဖြစ်ပါတယ်။

အောင်ထက်ကတော့ရည်ရွယ်ချက်မပျောက်၊သွေးမအေးသွားဘဲအချင်းချင်းတန်ဖိုးထားကြဖို့သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေပြည်သူပရိသတ်တွေကိုတိုက်တွန်းပြောပြလာပါတယ်။ရည်ရွယ်ချက်မပျောက်ကြေး၊သွေးမကွဲကြေး၊အချင်းချင်းတန်ဖိုးထားကြေး၊မမေ့ကြေးကျုပ်တို့ပြည်သူ​တွေအားလုံးကအင်အားပိုကြီးတယ်အရေးတော်ပုံအောင်ရမည်ဆိုပြီးရေးသားပြောပြထားတာပါ။ပရိသတ်တွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက်အားလုံးနဲ့အတူကြိုးစားပါဝင်နေကြတဲ့အကြောင်းတွေနဲ့အတူအောင်ထက်ကိုလည်းအားပေးစကားတွေအသီးသီးပြောထားကြတာလည်းတွေ့ရပါတယ်။

Zawgyi Version




Credit