Cele News

နယ်သာလန်နိုင်ငံသားဒီရီဒါကို ထပ်မံရှုံးနိမ့်ပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ အောင်လအန်ဆန်

နယ်သာလန်နိုင်ငံသားဒီရီဒါကိုထပ်မံရှုံးနိမ့်ပြီးလိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ အောင်လအန်ဆန်

မြန်မာ့ဂုဏ်ဆောင်အောင်လအင်ဆန်သည်နယ်သာလန်နိုင်ငံသားဒီရီဒါကိုဒိုင်အဆုံးအဖြတ်ဖြင့်ရှုံးနှိမ့်ကာသူ၏လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုဆုံးရှုံးသွားသည်။ထိုးပွဲငါးချီတွင်အောင်လကိုနယ်သာလန်နိုင်ငံသားကချုပ်ကွက်ဖြင့်ဖိအားပေးထားနိုင်ခဲ့ပြီးဒိုင်အားလုံးကတစ်ညီတစ်ညွှတ်တည်းအနိုင်ပေးခဲ့ခြင်းဖြစ်သည်။

မူလကအောင်လသည်ရုရှားနိုင်ငံသားဘစ်ဒတ်ရှ်နှင့်ထိုးသတ်ရန်စီစဉ်ထားသော်လည်းဘစ်ဒတ်ရှ်တွင် Covid 19 ပိုးတွေ့ရှိခဲ့သောကြောင့်ရက်ပိုင်းအလိုတွင်ဒီရီဒါနှင့်ပြောင်းလဲထိုးသတ်ခဲ့ရခြင်းဖြစ်သည်။

ထို့အတူနယ်သာလန်သားဒီရီဒါနှင့်မူလကထိုးသတ်ရန်စီစဉ်ထားသောပြိုင်ဘက်တွင်လည်း Covid 19 ပိုးတွေ့ရှိခဲ့သောကြောင့်ယခုကဲ့သို့အောင်လအင်ဆန်နှင့်ထိုးသတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ဘက်စုံသုံးထိုးသတ်ပြိုင်ပွဲ MMAအားကစားတွင်၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိသေးသည့်နယ်သာလန်သားဒီရီဒါသည်အောင်လအင်ဆန်ကိုအောက်တိုဘာလတွင်အနိုင်ရရှိခဲ့ပြီးမစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုရယူခဲ့သည်။

Zawgyi Version

ျမန္မာ့ဂုဏ္ေဆာင္ေအာင္လအင္ဆန္သည္နယ္သာလန္နိုင္ငံသားဒီရီဒါကိုဒိုင္အဆုံးအျဖတ္ျဖင့္ ရႈံးႏွိမ့္ကာသူ၏လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကိုဆုံးရႈံးသြားသည္။ထိုးပြဲငါးခ်ီတြင္ေအာင္လကို နယ္သာလန္နိုင္ငံသားကခ်ဳပ္ကြက္ျဖင့္ ဖိအားေပးထားနိုင္ခဲ့ၿပီးဒိုင္အားလုံးကတစ္ညီတစ္ၫႊတ္တည္းအနိုင္ေပးခဲ့ျခင္းျဖစ္သည္။

မူလကေအာင္လသည္႐ုရွားနိုင္ငံသားဘစ္ဒတ္ရွ္ႏွင့္ထိုးသတ္ရန္စီစဥ္ထားေသာ္လည္းဘစ္ဒတ္ရွ္တြင္ Covid 19 ပိုးေတြ႕ရွိခဲ့ေသာေၾကာင့္ရက္ပိုင္းအလိုတြင္ဒီရီဒါႏွင့္ေျပာင္းလဲထိုးသတ္ခဲ့ရျခင္းျဖစ္သည္။

ထို႔အတူနယ္သာလန္သားဒီရီဒါႏွင့္မူလကထိုးသတ္ရန္စီစဥ္ထားေသာၿပိဳင္ဘက္တြင္လည္း Covid 19 ပိုးေတြ႕ရွိခဲ့ေသာေၾကာင့္ယခုကဲ့သို႔ ေအာင္လအင္ဆန္ႏွင့္ထိုးသတ္ရန္စီစဥ္ခဲ့ျခင္းျဖစ္သည္။

Credit