စားစရာနေစရာမရှိဘဲအခက်အခဲဖြစ်နေတဲ့အန်တီကြီးအတွက်ကူညီပေးဖို့စီစဉ်နေတဲ့ခိုင်နှင်းဝေ
ပရဟိတမင်းသမီးအဖြစ်ပရိသတ်တွေအသိအမှတ်ပြုလက်ခံထားကြတဲ့ခိုင်နှင်းဝေကတာ့မိဘမဲ့ဂေဟာကိုလည်းတည်ထောင်ထားသလိုအခက်အခဲတွေနဲ့လိုအပ်နေကြတဲ့ပြည်သူတွေအတွက်လည်းလှူဒါန်းမှုတွေပြုလုပ်နေတာလည်းတွေ့ရပါတယ်။မကြာခဏဆိုသလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ခိုင်နှင်းဝေကတော့ဒီကနေ့မှာလည်းစားစရာနေစရာမရှိဘဲခက်ခက်ခဲခဲနဲ့အိမ်အောက်မှာကပ်နေနေရတဲ့ရောဂါသည်အန်တီကြီးအတွက်ကူညီပေးဖို့စီစဉ်နေတဲ့အကြောင်းတွေကိုလည်းပြောပြလာပါတယ်။
ဖုန်းဆက်ပြီးအကူအညီတောင်းလို့လိုက်စုံစမ်းကြည့်တဲ့အခါမှာတော့ရောဂါရှိလို့ဆေးကုသနေရပြီးအပေါ့အလေးအပြင်နေစရာစားမရာမရှိအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာတွေကြောင့်ကူညီပေးဖို့စီစဉ်နေတာတွေကိုပြောပြထားတာဖြစ်ပါတယ်။ကျွန်မရဲ့ပရဟိတဖုန်းလေးကိုဆက်ပြီးအကူအညီလာတောင်းတဲ့အမေကြီးကိုလိုက်စုံစမ်းကြည့်ဖြစ်ခဲ့ပါတယ်ရှင်ကျောက်ကပ်ရောဂါ၊နှလုံးရောဂါကြောင့်ဆေးကုနေရပြီးအပေါ့ အလေးသွားစရာမရှိရေချိုးစရာမရှိပဲဒီနေရာလေးမှာကပ်နေနေတာ၃လလောက်ရှိပြီဖြစ်ကြောင်းထမင်းလည်းစားစရာမရှိကြောင်းစုံစမ်းသိရှိခဲ့ရပါတယ်
ကိုယ့်အပူထက်အမေအိုကြီးအပူကိုခေါင်းထဲထည့်စဉ်းစားကာမနက်ဖြန်အမေကြီးအတွက်တစ်ခုခုစီစဉ်ပေးဖို့စဉ်းစားရင်းဆိုပြီးရေးသားပြောပြထားတာဖြစ်ပါတယ်။သူမရဲ့ပို့စ်အောက်မှာတော့လိုအပ်နေတဲ့ပြည်သူတွေအတွက်အမြဲဖေးမကူညီပေးနေတဲ့ခိုင်နှင်းဝေကိုတော့ပရိသတ်တွေအားလုံးကလည်းချီးကျူးရင်းအားပေးစကားတွေနဲ့အတူဆုတောင်းပေးထားကြတာလည်းတွေ့ရပါတယ်။
Zawgyi Version
ပရဟိတမင္းသမီးအျဖစ္ ပရိသတ္ေတြအသိအမွတ္ျပဳလက္ခံထားၾကတဲ့ ခိုင္ႏွင္းေဝကတာ့ မိဘမဲ့ေဂဟာကိုလည္း တည္ေထာင္ထားသလို အခက္အခဲေတြနဲ႕လိုအပ္ေနၾကတဲ့ ျပည္သူေတြအတြက္လည္း လႉဒါန္းမႈေတြျပဳလုပ္ေနတာလည္းေတြ႕ရပါတယ္။မၾကာခဏဆိုသလိုလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ခိုင္ႏွင္းေဝကေတာ့ဒီကေန႕မွာလည္းစားစရာေနစရာမရွိဘဲခက္ခက္ခဲခဲနဲ႕အိမ္ေအာက္မွာကပ္ေနေနရတဲ့ေရာဂါသည္အန္တီႀကီးအတြက္ကူညီေပးဖို႔စီစဥ္ေနတဲ့အေၾကာင္းေတြကိုလည္းေျပာျပလာပါတယ္။
ဖုန္းဆက္ၿပီးအကူအညီေတာင္းလို႔ လိုက္စုံစမ္းၾကည့္တဲ့အခါမွာေတာ့ေရာဂါရွိလို႔ ေဆးကုသေနရၿပီးအေပါ့အေလးအျပင္ေနစရာစားမရာမရွိအခက္အခဲေတြနဲ႕ရင္ဆိုင္ေနရတာေတြေၾကာင့္ကူညီေပးဖို႔စီစဥ္ေနတာေတြကိုေျပာျပထားတာျဖစ္ပါတယ္။ကြၽန္မရဲ႕ပရဟိတဖုန္းေလးကိုဆက္ၿပီး အကူအညီလာေတာင္းတဲ့အေမႀကီးကိုလိုက္စုံစမ္းၾကည့္ျဖစ္ခဲ့ပါတယ္ရွင္ေက်ာက္ကပ္ေရာဂါ ၊ႏွလုံးေရာဂါေၾကာင့္ေဆးကုေနရၿပီးအေပါ့ အေလးသြားစရာမရွိေရခ်ိဳးစရာမရွိပဲဒီေနရာေလးမွာကပ္ေနေနတာ၃လေလာက္ရွိၿပီျဖစ္ေၾကာင္းထမင္းလည္းစားစရာမရွိေၾကာင္း စုံစမ္းသိရွိခဲ့ရပါတယ္
ကိုယ့္အပူထက္အေမအိုႀကီးအပူကိုေခါင္းထဲထည့္စဥ္းစားကာမနက္ျဖန္ အေမႀကီးအတြက္တစ္ခုခုစီစဥ္ေပးဖို႔စဥ္းစားရင္းဆိုၿပီးေရးသားေျပာျပထားတာျဖစ္ပါတယ္။
Credit