စွန့်ပစ်ခံရတဲ့လူမမယ်ကလေးမှန်သမျှကြင်နာနွေးထွေးမှုဖြင့်ပြုစုစောင့်ရှောက်ဖို့အသင့်ရှိနေကြောင်းပြောပြလာတဲ့ခိုင်နှင်းဝေ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့လက်ရှိအချိန်မှာပရဟိတအလုပ်တွေကိုအားကြိုးမာန်တက်ကူညီဆောင်ရွက်ပေးနေတာကိုလည်းမြင်တွေ့ကြရမှာပါ။ဒါ့အပြင်ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုတည်ထောင်ထားပြီးလူမမယ်ကလေးများစွာကိုမိခင်ရင်းပမာပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။
လူတိုင်းအပေါ် အမြဲကူညီပေးချင်တဲ့ခိုင်နှင်းဝေရဲ့စိတ်ထားလေးကတော့မွန်မြတ်လှပါတယ်။မနေ့ညကလည်းသူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်စွန့်ပစ်ခံရတဲ့လူမမယ်ကလေးမှန်သမျှကြင်နာနွေးထွေးမှုဖြင့်ပြုစုစောင့်ရှောက်ဖို့အသင့်ရှိနေကြောင်းပြောပြလာတာဖြစ်ပါတယ်။ဒီကလေးဟာမိခင်ဖြစ်သူမှမွေးပြီးပြီးချင်းမှာပစ်သွားတာခြင်းခံခဲ့ရတာဖြစ်ပါတယ်။ကလေးရဲ့အထက်မှာလည်းယောကျာ်းလေးနှစ်ယောက်ရှိတာကြောင့်ဖခင်ဖြစ်သူကတစ်ယောက်တည်းမမွေးနိုင်တော့တာကြောင့်မိရင်းဖရင်းလိုမွေးစားချင်သူများအားပေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကလေးရဲ့မွေးစာရင်းပါတစ်ပါတည်းပါရှိတယ်လို့လည်းသိရှိရပါတယ်။
ခိုင်နှင်းဝေကလည်းဒီကလေးလေးသတင်းကိုလာပို့ပေးကြတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မအနေနဲ့ စွန့်ပစ်ခံရတဲ့ဘယ်ကလေးမဆိုပြုစုစောင့်ရှောက်ပေးမှာပါရှင်အမှန်တကယ်အကူအညီလိုအပ်နေပြီးကျွန်မထံသို့ပို့ဆောင်ရန်ကာယကံရှင်များဆန္ဒရှိပါကကျွန်မရဲ့ပရဟိတဖုန်း09793841108သို့ဆက်သွယ်နိုင်ပါတယ်ရှင်ဆိုပြီးရေးသားထားတာပါ။ခိုင်နှင်းဝေတစ်ယောက်ပရဟိတလုပ်ငန်းတွေကိုဒီ့ထက်မကပိုမိုဆောင်ရွက်နိုင်ပါစေနော်။
Credit