Cele News

တစ်ယောက်တစ်နေရာစီ ရောက်နေကြတဲ့ နှင်းဆီအဖွဲ့သားများဘေးအန္တရာယ်ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာပို့သပေးနေတဲ့ မောင်မျိုးမင်း

တစ်ယောက်တစ်နေရာစီရောက်နေကြတဲ့နှင်းဆီအဖွဲ့သားများဘေးအန္တရာယ်ကင်းဝေးကြစေရန်ဆုတောင်းမေတ္တာပို့သပေးနေတဲ့မောင်မျိုးမင်း

ပရိသတ်တွေချစ်ခင်အားပေးကြတဲ့နှင်းဆီအဖွဲ့ကိုတော့နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့မင်းမော်ကွန်း၊နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေး၊မေကဗျာနဲ့မိုးယုစံ၊ဖူးစုံနှင့်မိုးပြည့်ပြည့်မောင်တို့ဖြင့်ဖွဲ့စည်းထားကြတာပါ။သူတို့အဖွဲ့လေးဟာဆယ်စုနှစ်ကျော်တိုင်အောင် အားလုံးရယ်မောပျော်ရွှင်နိုင်အောင်အငြိမ့်ဖျော်ဖြေပွဲတွေတစ်နှစ်တစ်ခါကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင်နှင်းဆီရင်ခွင်လူမှုကူညီရေးအသင်းကိုလည်းတည်ထောင်ထားကြပြီးလိုအပ်တဲ့နေရာများကိုလိုက်လံလှူဒါန်းပေးခဲ့ကြတာပါ။နှင်းဆီမိသားစုလေးဟာတစ်ဦးအပေါ်တစ်ဦးမောင်နှမအရင်းသဖွယ်ဖေးမကူညီစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။အလုပ်မအားကြသူများဖြစ်ပေမယ့်လည်းတစ်လတစ်ခါပုံမှန်ဆုံနေကြဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့်တစ်ယောက်တစ်နေရာစီဝေးကွာနေတာကြောင့်အရင်လိုမဆုံဖြစ်ကြတော့တာပါ။

မကြာသေးခင်နာရီပိုင်းလောက်ကဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်မဆုံဖြစ်တာကြာပြီဖြစ်သောနှင်းဆီအဖွဲ့သားအန္တရာယ်ကင်း၊ဘေးကင်းဖြစ်ပါစေကြောင်းဆုတောင်းမေတ္တာပို့သထားတာပါ။ခါတိုင်းဆိုအလုပ်ကိုယ်စီနဲ့မအားကြတာတောင် တစ်လကိုတစ်ခါတော့ဆုံဖြစ်ကြတဲ့နှင်းဆီမိသားစုလေးဟာအခုတော့တစ်ယောက်တစ်နေရာစီမှာမဆုံဖြစ်တာနဲ့အဆင်တွေရောပြေကြရဲ့လားစိတ်ပူရင်းအဝေးကနေသတိရလွမ်းဆွတ်မေတ္တာပို့ဆုတောင်းပေးနေပါတယ်။

သားတို့သမီးတို့အန္တရာယ်ကင်းကြပါစေရောဂါဘေးကင်းဝေးကြပါစေပျော်ရွှင်စွာအားလုံးပြန်ဆုံကြမယ့်နေ့အမြန်ဆုံးရောက်ပါစေ။ဆိုပြီးရေးသားထားတာပါ။ပရိသတ်တွေချစ်ခင်အားပေးကြတဲ့နှင်းဆီမိသားစုများအားလုံးအမြန်ဆုံးပြန်လည်ဆုံဆည်းပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရရင်းဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit