Cele News

အန်ကယ်လေးရဲ့ အသက် (၅၁) နှစ်ပြည့်မွေးနေ့မှာ ရင်ထဲကမေတ္တာစကားတွေနဲ့ ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်

အန်ကယ်လေးရဲ့အသက်(၅၁)နှစ်ပြည့်မွေးနေ့မှာရင်ထဲကမေတ္တာစကားတွေနဲ့ ဆုတောင်းပေးခဲ့တဲ့ခိုင်သင်းကြည်

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့သရုပ်ဆောင်လူမင်းဟာဒီနေ့မှာအသက်(၅၁)နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။အမှတ်တရနေ့လေးမှာမိသားစုနဲ့အတူမရှိနိုင်တာစိတ်မကောင်းစရာပါပဲ။ချစ်ခင်ရတဲ့အနုပညာရှင်မောင်နှမတွေဟာလည်းအန်ကယ်လေးရဲ့မွေးနေ့မှာအချုပ်အနှောင်တွေကနေလည်းအမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးကြပါတယ်။ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်တဲ့အနုပညာရှင်ဖြစ်တာကြောင့်ပြည်သူတွေကလည်းအန်ကယ်လေးအတွက်ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။အားလုံးပို့သတဲ့မေတ္တာတွေကြောင့်အန်ကယ်လေးတစ်ယောက်ဘေးရန်ကင်းပါစေ။

အနုပညာမောင်နှမလည်းဖြစ်ဇာတ်ကားတော်တော်များများမှာလည်းအတူတွဲသရုပ်ဆောင်ဖူးတဲ့ခိုင်သင်းကြည်ကလည်းအန်ကယ်လေးရဲ့မွေးနေ့မှာHappy Birthdayအန်ကယ်လေးနေကောင်းကျန်းမာပါစေနောက်မွေးနေ့တိုင်းမှာအခုလိုမိသားစုနဲ့ဝေးကွာနေရတဲ့အဖြစ်မျိုးဘယ်တော့မှာမကြုံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော်ဆိုပြီးမွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်။အန်ကယ်လေးအတွက်အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။အမှတ်တရနေ့လေးတွေဆိုတာမိသားစုနဲ့အတူတူဖြတ်သန်းမှအဓိပ္ပါယ်ရှိတာမျိုးပါ။

တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံပြီးချုပ်နှောင်ခံနေရတဲ့အန်ကယ်လေးအတွက်ပြည်သူတစ်ရပ်လုံးကလည်းမေတ္တာတွေနဲ့ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။အချုပ်အနှောင်တွေကြားထဲကနေပဲပြတ်သားတဲ့ရပ်တည်ချက်တွေကပြည်သူတွေနဲ့ထပ်တူရှိနေမှာပါ။မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံစည်းပြီးပျော်စရာကောင်းတဲ့အနာဂတ်တွေကိုဖန်တီးနိုင်ပါစေလို့မွေးနေ့ဆုတောင်းပေးပါတယ်အန်ကယ်လေးရေ။

Credit