Cele News

သူမလှူထားတဲ့ ခြေတုလေးကို ဝတ်ဆင်ပြီး ပျော်ရွှင်နေတဲ့ကလေးငယ်ကြောင့် ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

သူမလှူထားတဲ့ခြေတုလေးကိုဝတ်ဆင်ပြီးပျော်ရွှင်နေတဲ့ကလေးငယ်ကြောင့်ပီတိဖြစ်နေတဲ့ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့ပရဟိတလုပ်ငန်းတွေကိုအဆက်မပြက်လုပ်ကိုင်နေပြီးလိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။မိဘမဲ့သားသမီးတွေအတွက်လည်းတကယ်ကိုကြင်နာယုယတတ်တဲ့မိခင်ကောင်းတစ်ယောက်အနေနဲ့ရပ်တည်နေတာပါနော်။သူမရဲ့မိခင်ကိုစောင့်ရှောက်ရင်းသမီးလေးနဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့ပရဟိတ မင်းသမီးလေးပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာဆိုရင်ဂေဟာသို့လှူဒါန်းပေးကြတဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကိုလည်းသူမထံအကူအညီလာတောင်းတဲ့ကလေးမိခင်များအားပြန်လည်ထောက်ပံ့ပေးနေတာကိုလည်းလေးစားဖွယ်မြင်တွေ့ ရပါတယ်နော်။မကြာသေးခင်ရက်ပိုင်းလောက်ကလည်းမွေးရာပါလမ်းမလျှောက်နိုင်တဲ့ကလေးတစ်ဦးအားခြေတုလှူဒါန်းပေးထားတာကိုလည်းတွေ့ရပါတယ်။

ယခုဆိုရင်သူမလှူဒါန်းထားတဲ့ခြေတုကို အကြမ်း စီးကာလမ်းလျှောက်စမ်းနေသောသားလေးရဲ့ပုံတွေကိုကြည့်ပြီးဝမ်းသာပီတိဖြစ်နေကြောင်းကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကိုတွေ့ရပါတယ်နော်။ခိုင်နှင်းဝေကအကြမ်းစီးပြီးလမ်းလျှောက်စမ်းရင်းပျော်နေတဲ့သားလေးပုံလေးတွေပို့လာတော့ပီတိဖြစ်ရပါတယ်ရှင်လမ်းလျှောက်လို့ရကျောင်းလည်းတက်လို့ရတော့မှာမို့ပျော်နေကြောင်းလေးပို့လာတဲ့ အတွက် ဝမ်းသာမိပါတယ်သက်ရှည်ကျန်းမာပြီးပညာတတ်ကြီးဖြစ်ပါစေမိဘကျေးဇူးပြန်ဆပ်နိုင်ပါစေသားရေဆိုပြီးရေးသားထားပါတယ်နော်။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့မင္းသမီးခိုင္ႏွင္းေဝကေတာ့ ပရဟိတလုပ္ငန္းေတြကိုအဆက္မျပက္လုပ္ကိုင္ေနၿပီး လိုအပ္တဲ့ေနရာေတြမွာတတ္နိုင္သေလာက္လႉဒါန္းေပးေနတာလည္းျဖစ္ပါတယ္။မိဘမဲ့သားသမီးေတြအတြက္လည္း တကယ္ကိုၾကင္နာယုယတတ္တဲ့မိခင္ေကာင္း တစ္ေယာက္အေနနဲ႕ရပ္တည္ေနတာပါေနာ္။သူမ ရဲ႕မိခင္ကိုေစာင့္ေရွာက္ရင္းသမီးေလးနဲ႕အတူဘဝကိုေပ်ာ္႐ႊင္စြာျဖတ္သန္းေနတဲ့ပရဟိတ မင္းသမီးေလးပဲျဖစ္ပါတယ္။

ခိုင္ႏွင္းေဝဟာဆိုရင္ေဂဟာသို႔လႉဒါန္းေပးၾကတဲ့ ကေလးအသုံးအေဆာင္ပစၥည္းေတြကိုလည္း သူမထံအကူအညီလာေတာင္းတဲ့ကေလးမိခင္ မ်ားအားျပန္လည္ေထာက္ပံ့ေပးေနတာကိုလည္း ေလးစားဖြယ္ျမင္ေတြ႕ ရပါတယ္ေနာ္။မၾကာေသးခင္ရက္ပိုင္းေလာက္ကလည္းေမြးရာပါလမ္းမေလွ်ာက္နိုင္တဲ့ကေလးတစ္ဦးအားေျခတု လႉဒါန္းေပးထားတာကိုလည္းေတြ႕ရပါတယ္။

ယခုဆိုရင္သူမလႉဒါန္းထားတဲ့ေျခတုကို အၾကမ္း စီးကာလမ္းေလွ်ာက္စမ္းေနေသာသားေလးရဲ႕ပုံေတြကိုၾကည့္ၿပီးဝမ္းသာပီတိျဖစ္ေနေၾကာင္းကို သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာတင္ျပထားတာကိုေတြ႕ရပါတယ္ေနာ္။ခိုင္ႏွင္းေဝကအၾကမ္းစီးၿပီးလမ္းေလွ်ာက္စမ္းရင္းေပ်ာ္ေနတဲ့သားေလး ပုံေလးေတြပို႔လာေတာ့ပီတိျဖစ္ရပါတယ္ရွင္လမ္းေလွ်ာက္လို႔ရေက်ာင္းလည္းတက္လို႔ရေတာ့မွာမို႔ေပ်ာ္ေနေၾကာင္းေလးပို႔လာတဲ့ အတြက္ ဝမ္းသာမိပါတယ္သက္ရွည္က်န္းမာၿပီးပညာတတ္ႀကီးျဖစ္ပါေစမိဘေက်းဇူးျပန္ဆပ္နိုင္ပါေစသားေရဆိုၿပီးေရးသားထားပါတယ္ေနာ္။

Credit