တော်လှန်ရေးနယ်မြေတစ်ခုကိုရောက်ရှိနေပြီး အခက်အခဲတွေကြားကကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်းပြောပြလာတဲ့ထားထက်ထက်
မော်လ်ဒယ်သရုပ်ဆောင်ထားထက်ထက်ကတော့ လက်ရှိအခြေအနေတွေမှာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာအားကြိုးမာန်တက်ပါဝင်နေသလိုလှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့တတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေသူပဲ ဖြစ်ပါတယ်။ဖေဖော်ဝါရီလအစပိုင်းကတည်းကအားလုံးနဲ့အတူရပ်တည်နေတဲ့ထားထက်ထက်ကတော့ လက်တလောမှာတော်လှန်ရေးနယ်မြေတစ်ခုကိုရောက်ရှိနေပြီးအခက်အခဲတွေကြားကကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်းပြောပြလာပါတယ်။တော်လှန်ရေးနယ်မြေတစ်ခုကိုရောက်ရှိနေတာတစ်လကျော်ပြီဖြစ်သလိုခိုင်မာပြတ်သားတဲ့သူမရဲ့ယုံကြည်မှုတွေနဲ့ခံယူချက်တွေကိုထားထက်ထက်ကပြောပြထားတာဖြစ်ပါတယ်။
ပိုင်ဆိုင်မှုတွေအကုန်စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာဆုံးရှုံးစရာဆိုတာဘာမှမရှိတော့ပါဘူးဆိုပြီးတော့လည်းအရေးတော်ပုံကြီးမှာတစ်ထောင့်တစ်နေရာကနေပါဝင်ရင်းစွန့်လွှတ်ကြိုးစားနေတဲ့အကြောင်းတွေကိုလည်းပြောပြထားပါသေးတယ်။ကျွန်မတို့အားလုံးရဲ့လွတ်လပ်မှုတွေအခွင့်အရေးနဲ့အရာရာဆုံးရှုံးကြရတာဒီနေ့ဆိုရက် ၁၀၀ ပြည့်ခဲ့ပြီ။
ကျွန်မတော်လှန်ရေးနယ်မြေတခုကိုရောက်ခဲ့တာလည်း၁လနဲ့၁၁ရက်ရှိခဲ့ပြီ။ကျွန်မတို့တွေနိုင်မှပြန်လာလို့ရမယ်။ကျွန်မတို့တွေနိုင်မှအဖမ်းခံထားရသူတွေလွတ်မယ်။ကျွန်မတို့တွေနိုင်မှအသက်ပေးခဲ့ရသူတွေကျေနပ်မယ်။ကျွန်မတို့တွေနိုင်မှမိသားစုတွေပြန်ဆုံဆည်းနိုင်မယ်။ကျွန်မနိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။စစ်အာဏာရှင်စနစ်ဆိုးကိုတော်လှန်ရေးလုပ်တာကျွန်မတော်လှန်ရေးလုပ်တာဘာရပိုင်ခွင့်ဘာအခွင့်အရေးဘာအရောင်အစွဲမှမပါဝင်ဘူး။
ကျွန်မတို့ဒီအာဏာရှင်စနစ်ဆိုးကိုဖြိုဖျက်နိုင်ဖို့ပဲ။မတရားအနိုင်ကျင့်တာကိုလက်မခံနိုင်တာအခုချိန်မှမဟုတ်ပါဘူး။ကျွန်မသည်အရပ်သားအစိုးရတုန်းကလည်းမတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့လုပ်ချင်တိုင်းလုပ်ချယ်လှယ်တာကိုလက်မခံနိုင်လို့ဝန်ကြီးအဆင့်ရောက်သည်အထိတစ်ယောက်ထဲရင်ဆိုင်ခဲ့တာပါ။အခုအချိန်မှာလည်းဘယ်လိုမှမနေနိုင်ဘူး။ဒီအတွက်ကျွန်မဆန္ဒပြခဲ့တယ်ရသမျှနည်းနဲ့ပြန်တိုက်မယ်။
ကျွန်မလုပ်နိုင်တာကူနိုင်တာစွန့်လွှတ်နိုင်တာ အသက်အထိပေးဆပ်ဖို့အသင့်ပဲ။အခုကျွန်မတို့ရဲ့အဓိကရည်ရွည်ချက်ကတခုထဲပဲအဲ့ဒါကနှစ် ၆၀နီးပါးလောက်အမြစ်တွယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ဆိုးကျွန်မတို့ရဲ့မျိုးဆက်မှာ အဆုံးထိပျက်သုဉ်းဖို့အတွက်တိုက်ပွဲဝင်ဖို့။February 2021 မှစပြီးကျွန်မတို့တွေအားလုံး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြတယ်။ရက်စက်စွာပစ်သတ်ခံခဲ့ကြရတယ်။မတရားအနိုင်ကျင့်လုယက်ပြီးလက်နက်မရှိတဲ့ပြည်သူလူထုကိုစစ်မြေပြင်အလားရက်စက်မှုတွေကိုခံရတယ်။
လိုချင်ရင်တိုက်ယူဆိုတဲ့စကားအတိုင်းပြန်တိုက်ယူရမယ့်အချိန်ရောက်လာခဲ့ပြီဖြစ်တယ်။ပွဲကြီး ပွဲကောင်းတခုအတွက်အချိန်ယူလေ့လာမှု လေ့ကျင့်မှု၊ပြင်ဆင်မှုတွေ ၊စိတ်ရှည်သည်းခံမှုတွေတော့အများကြီးလိုအပ်တယ်။ လက်နက်ပဲ ကိုင်ကိုင်၊ကလောင်ပဲကိုင်ကိုင်၊ကီးဘုတ်ပဲကိုင်ကိုင်၊ပိုက်ဆံပဲကိုင်ကိုင်သူ့နေရာနဲ့သူတတ်နိုင်တဲ့နေရာမှာဝင်ဖြည့်မှပြီးပြည့်စုံမှာပါ။
တော်လှန်ရေးအတွက်ဘယ်နေရာကပဲပါဝင် သည်ဖြစ်စေအဓိကကရင်ထဲကနေစစ်မှန်တဲ့ နှလုံးသားနဲ့ပါဝင်နေဖို့ပဲလိုတယ်။ပိုင်ဆိုင်မှုတွေအကုန်စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာဆုံးရှုံးစရာဆိုတာဘာမှမရှိတော့ပါဘူး။NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာ ကျွန်မတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲကျွန်မတို့အားလုံးရဲ့အရေးတော်ပုံကြီးအောင်ရမည်။
ဒီအရာကြီးပြီးဆုံးသွားတဲ့အခါကျွန်မကကျွန်မနှစ်သက်ရူးသွပ်တဲ့ကျွန်မရဲ့အနုပညာအလုပ်ကို ကျွန်မလုပ်နိုင်သလောက်ဆက်လုပ်ချင်တယ်ပြီးရင်ကျွန်မရဲ့ နောက်ထပ် Profession ဖြစ်တဲ့ ကျွန်မချစ်ရတဲ့ကလေးလေးတွေကိုကျွမ်းဘားပညာဆက်သင်ပေးပြီးအေးအေးဆေးဆေးပျော်ရွှင်သာယာအေးချမ်းတဲ့ဘဝလေးတခုအမြန်ဆုံး တည်ဆောက်ပြီးနေချင်တယ်ဆိုပြီးရေးသားပြောပြထားတာဖြစ်ပြီးအခက်အခဲတွေကြားကနေအစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်နေတဲ့ထားထက်ထက်ကိုလည်းပရိသတ်တွေကအားပေးရင်းဆုတောင်းပေးထားကြတာလည်းတွေ့ရပါတယ်။
Credit