Cele News

မလုံခြုံတဲ့အခြေအနေတွေမှာ ကလေးတွေကိုအတင်းအကြပ် ကျောင်းမလွှတ်ဖို့ မိဘတွေဆီ မေတ္တာရပ်ခံလာတဲ့ မေဦး

မလုံခြုံတဲ့အခြေအနေတွေမှာကလေးတွေကိုအတင်းအကြပ်ကျောင်းမလွှတ်ဖို့မိဘတွေဆီ မေတ္တာရပ်ခံလာတဲ့မေဦး

မိတ်ကပ်ပညာမှာထိပ်တန်းကနေအောင်မြင်မှုတွေရရှိထားသလိုစကားပြောပွင့်လင်းတာကြောင့်ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့မိတ်ကပ်ပညာရှင်မေဦးကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာပြည်သူတွေနဲ့အတူအင်တိုက်အားတိုက်ပါဝင်နေသူပဲဖြစ်ပါတယ်။အရေးတော်ပုံအောင်မြင်ဖို့အတွက်တစ်ထောင့်တစ်နေရာကနေတတ်နိုင်သလောက်အစွမ်းကုန်ပါဝင်နေတဲ့မေဦးကတော့၅၀၅ ကဖြင့်အမှုဖွင့်အရေးယူခြင်းခံထားရသလိုလက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ်နယ်စပ်တစ်နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။

မေဦးကတော့လတ်တလောမလုံခြုံတဲ့အခြေအနေတွေမှာ ကလေးတွေကိုအတင်းအကြပ်ကျောင်းမလွှတ်ဖို့ မိဘတွေထံမေတ္တာရပ်ခံတိုက်တွန်းပြောပြလာတာလည်းတွေ့ရပါတယ်။တချို့မိဘတွေရဲ့အတင်းအကြပ်တိုက်တွန်းမှုကြောင့်ကျောင်းမသွားချင်လို့စိတ်ညစ်ပြီးသူ့ကိုလာတိုင်ပင်တဲ့ ကလေးတွေရှိပြီးကျောင်းသားတွေအတွက်ကျောင်းမှာမလုံခြုံမှုမရှိတဲ့အကြောင်းတွေကို မေဦးကရှင်းလင်းပြောပြထားတာပါ။

တစ်ချို့ Gen Leeမိဘတွေခလေးတွေကိုအတင်းအကြပ်ကျောင်းတက်ရမယ်ပြောလို့မေဦးကို messenger ကနေကျောင်းမသွားချင်လို့လာတိုင်ပင်တဲ့ကျောင်းသားလေးတွေအများကြီးရှိပါတယ်။အခုတော့အဲ့ဒီ Gen Lee မိဘတွေကြည့်ကြပါခင်ဗျာစစ်သူပုန်တွေသောင်းကျန်နေချိန်မှာခဗျားတို့သားသမီးတွေကျောင်းမှာလဲမလုံခြုံဘူးဆိုတာအမြင်မှန်ရကြပါခင်ဗျာဆိုပြီး ရေးသားပြောပြထားတာပါ။ပြည်သူပရိသတ်တွေကလည်းမေဦးနဲ့ သဘောထားခြင်း တူညီကြတဲ့အကြောင်းတွေကို Comment တွေမှာမှတ်ချက်ပေးပြန်လည်ရေးသားပြောပြထားကြတာတွေ့ရပါတယ်။

Zawgyi Version

မိတ္ကပ္ပညာမွာထိပ္တန္းကေနေအာင္ျမင္မႈေတြရရွိထားသလိုစကားေျပာပြင့္လင္းတာေၾကာင့္ပရိသတ္ေတြအားေပးခ်စ္ခင္ၾကတဲ့ မိတ္ကပ္ပညာရွင္ေမဦးကေတာ့ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာျပည္သူေတြနဲ႕အတူအင္တိုက္အားတိုက္ပါဝင္ေနသူပဲျဖစ္ပါတယ္။အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္တစ္ေထာင့္တစ္ေနရာကေနတတ္နိုင္သေလာက္အစြမ္းကုန္ပါဝင္ေနတဲ့ေမဦးကေတာ့၅၀၅ က ျဖင့္အမႈဖြင့္အေရးယူျခင္းခံထားရသလိုလက္ရွိမွာလည္း Gen Z Burma အဖြဲ႕ဝင္အျဖစ္နယ္စပ္တစ္ေနရာကိုေရာက္ရွိေနတာျဖစ္ပါတယ္။

ေမဦးကေတာ့ လတ္တေလာမလုံၿခဳံတဲ့အေျခအေနေတြမွာ ကေလးေတြကိုအတင္းအၾကပ္ေက်ာင္းမလႊတ္ဖို႔ မိဘေတြထံေမတၱာရပ္ခံတိုက္တြန္းေျပာျပလာတာလည္းေတြ႕ရပါတယ္။တခ်ိဳ႕မိဘေတြရဲ႕ အတင္းအၾကပ္တိုက္တြန္းမႈေၾကာင့္ေက်ာင္းမသြားခ်င္လို႔စိတ္ညစ္ၿပီးသူ႕ကိုလာတိုင္ပင္တဲ့ ကေလးေတြရွိၿပီးေက်ာင္းသားေတြအတြက္ ေက်ာင္းမွာမလုံၿခဳံမႈမရွိတဲ့အေၾကာင္းေတြကို ေမဦးက ရွင္းလင္းေျပာျပထားတာပါ။

တစ္ခ်ိဳ႕ Gen Leeမိဘေတြခေလးေတြကိုအတင္းအၾကပ္ေက်ာင္းတက္ရမယ္ေျပာလို႔ေမဦးကို messenger ကေနေက်ာင္းမသြားခ်င္လို႔လာတိုင္ပင္တဲ့ေက်ာင္းသားေလးေတြအမ်ားႀကီးရွိပါတယ္။အခုေတာ့အဲ့ဒီ Gen Lee မိဘေတြၾကည့္ၾကပါခင္ဗ်ာစစ္သူပုန္ေတြေသာင္းက်န္ေနခ်ိန္မွာခဗ်ားတို႔သားသမီးေတြေက်ာင္းမွာလဲမလုံၿခဳံဘူးဆိုတာအျမင္မွန္ရၾကပါခင္ဗ်ာဆိုၿပီး ေရးသားေျပာျပထားတာပါ။

Credit