Cele News

မောင်နှစ်မအရင်းလိုခင်ရတဲ့ ပိုပိုရဲ့မွေးနေ့လေးမှာ အလှူအတန်းတွေလုပ်ပေးရင်း ပိုပိုနဲ့စတင်သိကျွမ်းခဲ့ပုံလေးကို စိတ်မကောင်းစွာပြောပြလာတဲ့ ဟိဏ်းသစ်

မောင်နှစ်မအရင်းလိုခင်ရတဲ့ပိုပိုရဲ့မွေးနေ့လေးမှာ အလှူအတန်းတွေလုပ်ပေးရင်းပိုပိုနဲ့စတင်သိကျွမ်းခဲ့ပုံလေးကိုစိတ်မကောင်းစွာပြောပြလာတဲ့ဟိဏ်းသစ်

ဂီတနယ်ပယ်မှာအောင်မြင်မှုကိုယ်စီပိုင်ဆိုင်ထားတဲ့ဟိဏ်းသစ်နဲ့ ပိုပိုကတော့အချစ်ရဆုံးသူငယ်ချင်းတွေဆိုတာသိရှိပြီးဖြစ်မှာပါ။အရင်ထဲကသီချင်းတွေလည်းအတူတူလုပ်ခဲ့ကြသလိုပွဲတွေအလှူတွေဆိုရင်လည်း စိတ်တူကိုယ်တူတက်ရောက်လျက်ရှိတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ဟိဏ်းသစ်ကသူငယ်ချင်းဖြစ်သူ ပိုပိုရဲ့မွေးနေ့လေးအတွက်အလှူအတန်းများပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ပိုပိုအတွက်စိတ်မကောင်းဖြစ်ကာယူကြုံးမရဖြစ်ရတဲ့အကြောင်းကိုလည်းခုလိုရေးသားဖော်ပြလာပါတယ်။သူနဲ့စသိခဲ့တာကျနော့်ပထမဆုံးအခွေ၊သူ့ပထမဆုံးအခွေစည်ပင်ကြော်ငြာဘုတ်အတွက်စည်ပင်ရုံးမှာကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီးလူကြီးကိုမတ်တပ်ရပ်စောင့်ရတဲ့အချိန်မှာပေါ့။

သူလည်းနိုင်ငံကျော်မဟုတ်သေးဘူး။ကျနော်လည်းဘာမှမဟုတ်သေးဘူး။နှစ်ယောက်သားမျက်စိသူငယ်နားသူငယ်နဲ့စည်ပင်လူကြီးကမရောက်သေးလို့၊ထမင်းစားနားလို့၊ tea time မို့လို့ဆိုပြီးခွင့်ပြုကြောင်းလက်မှတ်မထိုးပေးချိန်မှာ အပြင်မှာထိုင်စရာမရှိမတ်တပ်ရပ်စောင့်ရတဲ့အချိန်။ကျနော်တို့ ၂ယောက်လုံးကကိုယ်တိုင်စာရွက်လေးတွေကိုင်ပြီးလက်မှတ်ထိုးရတာပေါ့။အဲ့ချိန်စကားတွေပြော၊ရင်တွင်းဖြစ်တွေပြောရင်းရင်းနှီးခဲ့ကြတယ်။

နောက်ပိုင်းပရိုမိုးရှင်းပွဲတခုကအပြန်သူကပွဲလာတော့ဝတ်စားစားထားတာပေါ့။ပြန်မယ်လုပ်တော့သူ့မှာကားကလည်းမရှိ၊ taxi ကလည်းမစီးနိုင်၊သူ bus ကားနဲ့ပြန်မယ်ပြောတော့ကျနော်ကမလုပ်ပါနဲ့ကျနော်လိုက်ပို့မယ်ဆိုပြီးလိုက်ပို့ပြီးရင်းနှီးမှုတွေပိုရခဲ့ပါတယ်။၂ယောက်စလုံးက စသိထဲကအရင်ထဲကသိတဲ့လူရင်းတွေလို၊ ပွင့်လင်းရင်းနှီးပြီးစိတ်ရှင်းရှင်းနဲ့ပေါင်းခဲ့တယ်။တယောက်နဲ့တယောက်သာတယ်နာတယ်မရှိပဲကူညီဖေးမခဲ့တယ်။သူငယ်ချင်းတွေအပေါ်သူမှာရှိတာအကုန်စား၊သူမှာရှိတာယူ၊လိုအပ်တာမငြီးမညူကူညီပြီးအရမ်းကောင်းခဲ့တဲ့သူ။

မရှိဆင်းရဲသားနဲ့အဖိုးအဖွားတွေတွေ့ရင်သူ့မှာရှိသမျှဟင်းဖိုးဆွမ်းလောင်းဖိုးအတွက်ကလွဲရင်အကုန်လှူ၊မရှိရင်ချေးငှားပြီးလှူတဲ့ထိအလှူအတန်းရက်ရောတဲ့ကျနော့်သူငယ်ချင်းပါ။နှစ်တိုင်းနီးပါးတူတူဖြတ်သန်းခဲ့တဲ့သူ့မွေးနေ့မှာဒီနှစ်သူနဲ့တူတူမဖြတ်သန်းရဘူး။သူဒီနှစ်မွေးနေ့မှာအလှူအတန်းတွေမလုပ်နိုင်ဘူး။သူအဆင်ပြေရဲ့လား??သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်အတော်မကောင်းဘူး။

ယူကြုံးမရဖြစ်တယ်။ဝမ်းနည်းတယ်။သူ့အတွက်သူ့အစားဒီနှစ်မွေးနေ့မှာဘုန်းကြီးကျောင်းကိုဆွမ်းနဲ့သစ်သီးတွေလှူဒါန်းပေးခဲ့တယ်။သူပြန်လာရင်ဘယ်လောက်သတိရကြောင်းပြောရမယ်ခုလှူဒါန်းတဲ့ကောင်းမှုကုသိုလ်ကြောင့်အဆင်ပြေအေးချမ်းပါစေ။နေကောင်းကျန်းမာပါစေ။အမြန်ပြန်လာပါစေ။ပြည်သူများလည်းဘေးအန္တရာယ်ကင်းဝေးပါစေလိုရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit