Cele News

တစ်ကိုယ်လုံးခြင်ကိုက်ဖုတွေနဲ့ ပုံမှန်မဟုတ်တဲ့ စွန့်ပစ်ခံ (၄)လသား အရွယ် ကလေးငယ်လေးကို ခေါ်ယူမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

တစ်ကိုယ်လုံးခြင်ကိုက်ဖုတွေနဲ့ပုံမှန်မဟုတ်တဲ့စွန့်ပစ်ခံ (၄)လသားအရွယ်ကလေးငယ်လေးကိုခေါ်ယူမွေးစားလိုက်တဲ့ခိုင်နှင်းဝေ

သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်အနုပညာလောကမှာပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့မင်းသမီးခိုင်နှင်းဝေကတော့ပရဟိတအလုပ်တွေနဲ့လည်းအများရဲ့လေးစားချစ်ခင်မှုတွေကိုရရှိထားသူပါ။ခိုင်နှင်းဝေကတော့မိဘမဲ့ကလေးငယ်လေးတွေအတွက်ခိုကိုးရာအဖြစ်သူမရဲ့နာမည်နဲ့မိဘမဲ့ဂေဟာကိုလည်းတည်ထောင်ထားသလိုအခက်အခဲဖြစ်နေကြတဲ့ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက်ဖေးမကူညီနေတာလည်းမကြာခဏမြင်တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ဒီကနေ့မေလ(၁၇)ရက်နေ့မှာလည်းတစ်ကိုယ်လုံးခြင်ကိုက်ဖုတွေနဲ့ပုံမှန်မဟုတ်တဲ့စွန့်ပစ်ခံ(၄)လသားအရွယ်ကလေးငယ်လေးကိုခေါ်ယူမွေးစားလိုက်ပြန်တယ်လို့သိပါတယ်။ကလေးငယ်လေးဟာတစ်ကိုယ်လုံးခြင်ကိုင်ဖုတွေနဲ့အာဟာရပြတ်လပ်နေကာဗိုက်တွေပူနေပြီးပုံမှန်အခြေအနေမျိုးမဟုတ်တဲ့အတွက် ဆေးကုသစစ်ဆေးမှုတွေလည်း ပြုလုပ်ပေးခဲ့တာတွေကိုခိုင်နှင်းဝေကပြောပြထားပါသေးတယ်။အသက်တစ်ချောင်းကယ်ဖြစ်ခဲ့ပါတယ်ရှင်သနားစရာစွန့်ပစ်ခံ(၄)လသားအရွယ်သားလေးကိုသွားရောက်ခေါ်ယူမွေးစားဖြစ်ပါတယ်ကလေးကတကိုယ်လုံးခြင်ကိုက်ဖုတွေနှင့်အာဟာရပြတ်လပ်ကာဗိုက်တွေပူပြီးပုံမှန် အခြေအနေမျိုးမဟုတ်တာလဲတွေ့ရတဲ့အတွက်ပါရမီအထူးကုဆေးရုံသို့တန်းပြကာလိုအပ်တာများပြုလုပ်ခဲ့ပါတယ်

ကျွန်မတို့ခိုင်မိသားစုရဲအယောက်(၅၀)မြောက်သားလေးသက်ရှည်ကျန်းမာပါစေကံကောင်းပါစေရှင်ခိုင်မိသားစုမှကလေးတွေအားလုံးကိုမေတ္တာဖြင့်စမ်းသပ်ခ မယူပဲအမြဲကြည့်ရှု့စောင့်ရှောက်ပေးပါသောကလေးအထူးကုပါရဂူဒေါက်တာဒေါ်ခင်ခင်ထားဆရာဝန်မကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆိုပြီးခိုင်နှင်းဝေကပြောပြထားတာပါမိဘမဲ့ကလေးငယ်လေးတွေအတွက်ခိုကိုးရာအဖြစ်ရပ်တည်နေတဲ့ခိုင်နှင်းဝေရဲ့စိတ်ထားစေတနာကောင်းတွေကိုလည်းပရိသတ်တွေက လေးစားချီးကျူးကာအားပေးစကားတွေလည်း ပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version



ကျွန်မတို့ခိုင် မိသားစု ရဲ့ အယောက် (၅၀)မြောက်သားလေး ယသက်ရှည်ကျန်းမာပါစေကံကောင်းပါစေရှင်ခိုင်မိသားစု မှ ကလေးတွေအားလုံးကိုမေတ္တာဖြင့်စမ်းသပ်ခ မယူပဲအမြဲကြည့်ရှု့စောင့်ရှောက်ပေးပါသော ကလေးအထူးကုပါရဂူဒေါက်တာဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆိုပြီးခိုင်နှင်းဝေကပြောပြထားတာပါမိဘမဲ့ကလေးငယ်လေးတွေအတွက်ခိုကိုးရာအဖြစ်ရပ်တည်နေတဲ့ခိုင်နှင်းဝေရဲ့စိတ်ထားစေတနာကောင်းတွေကိုလည်းပရိသတ်တွေက လေးစားချီးကျူးကာအားပေးစကားတွေလည်း ပြောထားကြတာတွေ့ရပါတယ်။

Credit