Cele News

ကျောပိုးအိတ်လေး ကိုယ်တိုင်ထည့်ပြီး သူ့ဆီလာချင်တဲ့ သားလေးကို မခေါ်နိုင်သေးလို့ ခွင့်လွှတ်ဖို့ပြောလာတဲ့ မင်းမော်ကွန်း

ဖခင်ဖြစ်သူကိုလွမ်းဆွတ်ကာအရောက်သွားချင်လွန်းလို့ ပစ္စည်းတွေကိုယ်တိုင်ထည့်ပြီးပြင်ဆင်နေတဲ့မင်းမော်ကွန်းရဲ့သားလေး

သူကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာအားကြိုးမာန်တက်ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီးနေ့စဉ်ဆန္ဒထုတ်ဖော်ခဲ့တဲ့မင်းမော်ကွန်းကိုတော့ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။သူကတော့လက်ရှိအချိန်မှာဘေးကင်းရာသို့တိမ်းရှောင်နေတာဖြစ်ပါတယ်။ပရိသတ်များကလည်းမင်းမော်ကွန်းရဲ့လုံခြုံရေးကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။တိမ်းရှောင်နေရပေမယ့်လည်းရောက်တဲ့နေရာကနေတော်လှန်နေတာဖြစ်တဲ့အကြောင်းကိုအားလုံးသိရှိရအောင်သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှပေးနေတာဖြစ်ပါတယ်။

ပြည်သူတွေဘက်ကနေဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ပေးနေတဲ့မင်းမော်ကွန်းရဲ့စိတ်ဓာတ်ကိုတော့မလေးစားဘဲကိုမနေနိုင်ပါဘူးနော်။ရှောင်တိမ်းနေရတဲ့မင်းမော်ကွန်းကိုအရမ်းလွမ်းနေတဲ့သားလေးဖြစ်သူကဖခင်ဖြစ်သူကို လွမ်းပြီးသွားချင်လွန်းလို့ပစ္စည်းတွေကိုယ်တိုင်ထည့်ပြီးပြင်ဆင်နေတာပါ။

အဲ့ဒီအကြောင်းကိုမင်းမော်ကွန်းကအဖေဆီသွားချင်လို့သူ့ဟာသူပစ္စည်းတွေထည့်ထားတယ်တဲ့လေခဏစောင့်ပါဦးသားရယ်အဖေကိုယ်တိုင်တောင်ခုထိဟိုပြေးဒီလွှားနဲ့အတည်တကျမရှိသေးတာကျောပိုးအိပ်တစ်လုံးနဲ့ကျောတစ်ခင်းစာနေရာကလွဲပြီးတနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီးတစ်စစီလိုက်ပြန်ကောက်နေရတဲ့ယုံကြည်ချက်တချို့တလေကလွဲပြီးအရင်းအနှီးကြီးလွန်းတဲ့လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီးချစ်ခြင်းမေတ္တာနဲ့သတိရခြင်းတွေကလွဲပြီးခုချိန်ထိလမ်းပျောက်နေရုံကလွဲပြီးအဖေ့ဆီမှာဘာမှမရှိလို့ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါဆိုပြီးသူ့ရဲ့လူမှုကွန်ယက်မှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version

လမ္းေပၚထြက္ၿပီး ေန႕စဥ္ဆႏၵထုတ္ေဖာ္ခဲ့တဲ့မင္းေမာ္ကြန္းကိုေတာ့ ပုဒ္မ ၅၀၅(က)ျဖင့္တရားစြဲဆိုထားတာျဖစ္ပါတယ္။သူကေတာ့လက္ရွိအခ်ိန္မွာေဘးကင္းရာသို႔တိမ္းေရွာင္ေနတာျဖစ္ပါတယ္။ပရိသတ္မ်ားကလည္းမင္းေမာ္ကြန္းရဲ႕လုံၿခဳံေရးကိုစိုးရိမ္ေနၾကတာျဖစ္ပါတယ္။တိမ္းေရွာင္ေနရေပမယ့္လည္းေရာက္တဲ့ေနရာကေနေတာ္လွန္ေနတာ ျဖစ္တဲ့အေၾကာင္းကိုအားလုံးသိရွိရေအာင္သူ႕ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ေဝမွ်ေပးေနတာ ျဖစ္ပါတယ္။

ျပည္သူေတြဘက္ကေနဓမၼဘက္ကေန အခိုင္အမာရပ္တည္ေပးေနတဲ့မင္းေမာ္ကြန္းရဲ႕ စိတ္ဓာတ္ကိုေတာ့မေလးစားဘဲကိုမေနနိုင္ပါဘူးေနာ္။ေရွာင္တိမ္းေနရတဲ့မင္းေမာ္ကြန္းကိုအရမ္းလြမ္းေနတဲ့သားေလးျဖစ္သူကဖခင္ျဖစ္သူကို လြမ္းၿပီးသြားခ်င္လြန္းလို႔ပစၥည္းေတြကိုယ္တိုင္ထည့္ၿပီးျပင္ဆင္ေနတာပါ။

အဲ့ဒီအေၾကာင္းကိုမင္းေမာ္ကြန္းကအေဖဆီသြားခ်င္လို႔သူ႕ဟာသူပစၥည္းေတြထည့္ထားတယ္တဲ့ေလခဏေစာင့္ပါဦးသားရယ္အေဖကိုယ္တိုင္ေတာင္ခုထိဟိုေျပးဒီလႊားနဲ႕အတည္တက်မရွိေသးတာေက်ာပိုးအိပ္တစ္လုံးနဲ႕ေက်ာတစ္ခင္းစာေနရာကလြဲၿပီးတနင့္တပိုးေမွ်ာ္လင့္ခ်က္ေတြကလြဲၿပီးတစ္စစီလိုက္ျပန္ေကာက္ေနရတဲ့ယုံၾကည္ခ်က္တခ်ိဳ႕တေလကလြဲၿပီးအရင္းအႏွီးႀကီးလြန္းတဲ့လိပ္ျပာသန႔္သန႔္တစ္စုံကလြဲၿပီးခ်စ္ျခင္းေမတၱာနဲ႕သတိရျခင္းေတြကလြဲၿပီးခုခ်ိန္ထိလမ္းေပ်ာက္ေန႐ုံကလြဲၿပီးအေဖ့ဆီမွာဘာမွမရွိလို႔ငါ့သားအတြက္ဘာတစ္ခုမွမတတ္နိုင္ေသးတာအေဖ့ကိုခြင့္လႊတ္ပါဆိုၿပီးသူ႕ရဲ႕လူမႈကြန္ယက္မွာမွ်ေဝေပးခဲ့တာပဲျဖစ္ပါတယ္

Credit