Cele News
အရမ်းကိုရူးသွပ်ခဲ့တဲ့ အဆိုတော်ဘဝကို အပြီးတိုင်စွန့်လွှတ်လိုက်ကြောင်း ပရိတ်သတ်တွေကိုအသိပေးလိုက်တဲ့ ဟန်ထူးလွင် (ကျားပေါက်)
အရမ်းကိုရူးသွပ်ခဲ့တဲ့အဆိုတော်ဘဝကိုအပြီးတိုင်စွန့်လွှတ်လိုက်ကြောင်းပရိတ်သတ်တွေကိုအသိပေးလိုက်တဲ့ဟန်ထူးလွင်(ကျားပေါက်)
ပရိသတ်ကြီးရေယခုခေတ်တိုင်အောင်ဂီတလောကမှာအောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့အဆိုတော်ရင်ဂိုရဲ့သားဖြစ်သူဟန်ထူးလွင်ဟာလည်းဖခင်ရဲ့ဂီတအမွေအနှစ်များစွာကိုရရှိထားပြီးအောင်မြင်မှုတွေနဲ့အတူအနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေသူပဲဖြစ်ပါတယ်နော်။ကျားပေါက်ဟာဆိုရင်ချစ်စရာသမီးလေးတွေနဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ယခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာဓမ္မဘက်ကပါဝင်လှုပ်ရှားဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ကျားပေါက်ကတော့ယနေ့မှာပဲပရိသတ်တွေကိုအံ့သြသွားစေတဲ့စာသားလေးတစ်ချို့ကိုသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာအသိပေးရေးသားဖော်ပြခဲ့တာပဲဲဖြစ်ပါတယ်။ဒါကတော့အဆိုတော်ဘဝကိုအပြီးတိုင်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းရေးသားထားတာပဲဖြစ်ပါတယ်နော်။
ကျားပေါက်ကကျနော့်ကိုခင်ဗျားတို့ဆုံးရှုံးလိုက်ရတာထက်ခင်ဗျားတို့ကိုထားခဲ့ရတာကျနော်ပိုထိခိုက်ရပါတယ်။မိုးထက်ပြောသလိုအားလုံးအတွက်ကကျနော်တယောက်ထဲမရှိတော့တာ။ ကျနော့်မှာကအားလုံးမရှိရတော့ခြင်းပါ။အရင်အတိုင်းအားလုံးကိုပျော်နေစေချင်တာပါပဲ။(ဟိုစောက်ရူးထိပ်ပြောင်အာခြောင်ကောင်တော့မပါဘူးပေါ့လေ)သီချင်းတွေနဲ့ပတ်သက်ပြီးအားလုံးကိုချစ်ခဲ့ရတော့ဘယ်တော့မှ musician မလုပ်တော့ဘူးဆိုတဲ့နာနေတဲ့စိတ်ဟာလဲအချိန်တန်ရင်ပြောင်းသွားကောင်းပါရဲ့။Art နဲ့ပတ်သက်ရင်ဘယ်တော့မှမလိမ်မညာခဲ့တာအားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့တသက်လုံးဂုဏ်ယူနေပါ့မယ်။ကျနော်ချန်ထားခဲ့တဲ့သီချင်းတွေပန်းချီတွေနဲ့ပျော်နေကြရင်ကျနော်ကျေနပ်ပါမယ်။ချစ်တဲ့ Kp 20th May 2021ဆိုပြီးရေးသားထားပါတယ်။ပရိသတ်ကြီးလည်းကျားပေါက်ကိုနှမြောတသဖြစ်နေမယ်ထင်ပါတယ်နော်။
Zawgyi Version
Credit