Cele News
တွယ်တာစရာနှောင်ကြိုးတွေ ရှိနေပေမယ့် အမှန်တရားအတွက် ရဲရင့်စွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူချစ်မင်းသမီးနှစ်ဦး
တွယ်တာစရာနှောင်ကြိုးတွေရှိနေပေမယ့်အမှန်တရားအတွက်ရဲရင့်စွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူချစ်မင်းသမီးနှစ်ဦး
ပရိတ်သတ်ကြီးပြည်သူချစ်မင်းသမီးချောနှစ်ယောက်ဖြစ်တဲ့အိန္ဒြာကျော်ဇင်နဲ့သက်မွန်မြင့်ဟာဆိုရင်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာပြည်သူလူထုနဲ့အတူတက်ကြွစွာပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။သူမတို့နှစ်ယောက်စလုံးမှာမတူညီတဲ့အချက်တွေရှိကြပါတယ်။သူမတို့နှစ်ယောက်က ချမ်းသာတယ်လှပတယ်ဘဝမှာလိုလေသေးမရှိပြည့်စုံကြတယ်တဲ့အပြင်ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားကြတဲ့အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတွေပဲဖြစ်ပါတယ်။
သူမတို့လာရင်ကင်မရာမီးရောင်တွေတဖျက်ဖျက်နဲ့တက်ကြွတဲ့ခြေလှမ်းတွေနဲ့အတူ လျှောက်လှမ်းခဲ့ကြတဲ့ထိပ်တန်းမင်းသမီး(၂)လက်ပဲဖြစ်ပါတယ်။သူမတို့နှစ်ယောက်မှာသာယာပျော်ရွှင်စရကောင်းတဲ့မိသားစုလေးတွေရှိတယ်။သူတို့ဆီမှာသိပ်ချစ်စရာကောင်းပြီးတီတီတာတာပြောတတ်ကြတဲ့သားလေးတွေသမီးလေးတွေရှိတယ်။ဒါတွေကိုတောင်မမှု့ပဲပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီးအမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ကြတယ်။အဲ့ဒီလိုတိုက်ပွဲဝင်ခဲ့လို့သူမတို့နှစ်ယောက်ဟာ၅၀၅(က)နဲ့ဝရမ်းထုတ်ခံခဲ့ရပါတယ်။
အခုအချိန်မှာတော့တစ်ယောက်ကသံတိုင်ကြားထဲကိုရောက်ရှိနေခဲ့ပြီးတစ်ယောက်ကတော့ ကျန်းမာရေးမကောင်းပဲတရားခံတစ်ယောက်လိုထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုအခက်အခဲမျိုးစုံနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲမှာလည်းပိုင်ဖြိုးသု၊ဖွေးဖွေး၊ခင်ဝင့်ဝါ၊အေးမြတ်သူတို့အပြင်တခြားသောအနုပညာရှင်များစွာလည်းပါဝင်ခဲ့ကြပါသေးတယ်နော်။အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီးချစ်တဲ့မိသားစုချစ်တဲ့ပရိတ်သတ်တွေနဲ့အန္တရယ်ကင်းစွာပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi version
Credit