Cele News

လက်ရှိအခြေအနေတွေကြောင့် အပင်ပန်းခံကြိုးစားခဲ့တဲ့အိပ်မက်ဖြစ်တဲ့ Master ဘွဲ့ယူဖို့ကို စွန့်လွှတ်လိုက်တဲ့ မောင်(ဒေါက်တာစိန်ဖြိုးလှိုင်)

လက်ရှိအခြေအနေတွေကြောင့်အပင်ပန်းခံကြိုးစားခဲ့တဲ့အိပ်မက်ဖြစ်တဲ့ Master ဘွဲ့ယူဖို့ကိုစွန့်လွှတ်လိုက်တဲ့ မောင်(ဒေါက်တာစိန်ဖြိုးလှိုင်)

ပရိသတ်ကြီးရေမင်းသမီးချောနန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့ဒေါက်တာစိန်ဖြိုးလှိုင်ကိုပရိသတ်တွေကလည်းသိကြမယ်လို့ထင်ပါတယ်။နော်သူဟာတစ်ချိန်ကမောင်ဆိုတဲ့နာမည်နဲ့သရုပ်ဆောင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ဒေါက်တာစိန်ဖြိုးလှိုင်ဟာအနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

ယခုအခါမှာတော့သရုပ်ဆောင်မောင်ကကျောင်းဆက်မတက်တော့ဘဲသူ့ရဲ့ Master ဘွဲ့အိမ်မက်ကိုစွန့်လွှတ်လိုက်ပြီလို့သူ့ရဲ့လူမှုကွန်ယက်မှာရေးသားလာခဲ့ပါတယ်နော်။ကျွန်တော့်ရဲ့ Master ဘွဲ့ အိမ်မက်ကိုစွန့်လွှတ်ခြင်းကျွန်တော် Covid မဖြစ်ခင်(၁)နှစ်လောက်ကတည်းကရန်ကုန် စီးပွားရေးတက္ကသိုလ်မှာပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာတန်း(EMPA)သင်တန်းကိုစတက်ခဲ့တာပါရေးဖြေ,လူတွေ့တွေဖြတ်ကျော်ပြီးမှာဝင်ခွင့်ရခဲ့လို့အလွယ်တကူတက်ခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။

တက်ခွင့်ရတော့လဲညနေတိုင်းတစ်ပတ်(၅)ရက်နဲ့ စနေနေ့နေ့တစ်ဝက်ကိုအလုပ်ဆင်းပြီးအိမ်မပြန်ပဲတက်ခဲ့တာပါ။ကြားထဲမှာလဲဘာသာရပ်တွေကို စိတ်ဝင်စားလို့စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစားဖြေခဲ့ပါတယ်။အခုကိုဗစ် ကတည်းကပိတ်ထားတဲ့ကျောင်းကိုပြန်ဖွင့်ဖို့အမိန့်စာထွက်လာတော့ကျွန်တော်ဆုံးဖြတ်ရတော့မဲ့အချိန်ရောက်လာပါတယ်။ဒီလို အခြေအနေတွေမှာ(၆)လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီးဘွဲ့ ရအောင်ယူမလားကိုယ်လိုချင်လွန်းလို့တစ်နှစ်လောက်ညနေတိုင်းအပင်ပန်းခံခဲ့တာတွေကိုလွှတ်ပစ်ပြီးကျောင်းနားမလားဆိုတာပါ။

Masterယူဖို့ဆိုတာကျွန်တော့အိမ်မက်တွေ ထဲက တစ်ခုပါ။အခုလိုတိုင်းပြည်ဒုက္ခရောက်နေတဲ့ အချိန်မှာဘာမှမဖြစ်သလိုကျောင်းဆက်တက်ပြီးဘွဲ့ ရလာတော့လဲတိုင်းပြည်အတွက်သုံးပေးလို့မရတော့မဲ့အတူတူဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ဆုံးဖြတ်လိုက်ပါတယ်ဆိုပြီးတော့ ရေးသားလာခဲ့တာပဲဖြစ်ပါ တယ်။မြန်မာပြည်ကြီးအမြန်ဆုံးသာယာအေးချမ်းပါစေလို့ဆုတောင်းရင်းပရိသတ်ကြီးတို့လည်းဘေးအန္တရာယ်ကင်းကြပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။

Crd