Cele News

ချို့တဲ့နေတဲ့မိဘတွေဆီက စွန့်ပစ်ခံလိုက်ရတဲ့ (၅)ရက်သား ကလေးငယ်လေးကို ဂရုဏာအပြည့်နဲ့ ခေါ်ယူမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

ချို့တဲ့နေတဲ့မိဘတွေဆီကစွန့်ပစ်ခံလိုက်ရတဲ့ (၅)ရက်သားကလေးငယ်လေးကိုဂရုဏာအပြည့်နဲ့ခေါ်ယူမွေးစားလိုက်တဲ့ခိုင်နှင်းဝေ

သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ခိုင်နှင်းဝေကတော့လက်ရှိမှာလည်းပရဟိတအလုပ်တွေနဲ့အတူလိုအပ်နေသူတွေကိုဖေးမကူညီနေသူပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့စားဝတ်နေရေးခက်ခဲပြီးချို့တဲ့ကြတဲ့ပြည်သူတွေအတွက်စားသောက်ကုန်နဲ့အလှူငွေတွေအပြင်အခြားလိုအပ်တာတွေကိုလည်းလှူဒါန်းပြီးမိဘမဲ့ကလေးငယ်လေးတွေကိုလည်းပြုစုစောင့်ရှောက်ပေးနေတာကြောင့်အများကလေးစားချစ်ခင်နေကြသူလည်းဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ဒီကနေ့မေလ(၂၈)ရက်နေ့မှာလည်း ဖြူးမြို့နယ်ဇေယျဝတီမြို့ကစွန့်ပစ်ခံလိုက်ရတဲ့ (၅)ရက်သားကလေးငယ်လေးကိုလည်းခေါ်ယူမွေးစားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။(၅)ရက်သားလေးအတွက်အသက်ကယ်ပေးဖို့ဒေသခံများကဆက်သွယ်အကူအညီတောင်းခံလာတာဖြစ်ပြီးအမှန်တကယ်စွန့်ပစ်ခံရတဲ့ကလေးဖြစ်တာကြောင့်လည်းခိုင်နှင်းဝေကသူမအနေနဲ့ ခေါ်ယူစောင့်ရှောက်ဖို့ဆုံးဖြတ်စီစဉ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဖြူးမြို့နယ်ဇေယျဝတီမြို့ဘက်ကစွန့်ပစ်ခံ (၅)ရက်သားလေးကိုပေးဘို့ကျမဆီဆက်သွယ်လာပါတယ်ရှင်အသက်ကယ်ပေးပါရန်ဒေသခံလူများမှဆက်သွယ်လာပြီးအမှန်တကယ်စွန့်ပစ်ခံကလေးလေးဖြစ်တဲ့အတွက်ကျမတို့ခိုင် မိသားစုမှခေါ်ယူစောင့်ရှောက်ဘို့ဆုံးဖြတ်လိုက်ပါတယ်ကိုအာကြီးနဲ့အဖော်ရပြီးသားချောလေးတွေ ဖြစ်လာအောင်ကျမစိတ်ကူးပုံဖော်ရင်းအဝေးက သားလေးကိုခေါ်ဘို့စီစဉ်နေပါတယ်ရှင်ဆိုပြီး ခိုင်နှင်းဝေကပြောပြထားတာဖြစ်ပါတယ်။

Zawgyi Version




Credit