ကလေးတစ်ဖက်နဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူခံပေးကာရက်ရောလွန်းတဲ့အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းပြောပြလာတဲ့ချမ်းချမ်း
အဆိုတော်ချမ်းချမ်းကတော့အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီးပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။ဆယ်စုနှစ်တစ်ခုကြာအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့တဲ့သူမကအချစ်သီချင်းတွေသာမကပဲအဆွေးသီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာလက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။
အီတလီမှာနေထိုင်နေပေမယ့်ချမ်းချမ်းကအခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စ်ဘေးရှောင်ပြည်သူတွေအတွက်တတ်နိုင်တဲ့ဘက်ကနေတစ်တပ် တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုလည်းသူမရဲ့ Facebookစာမျက်နှာမှာမနေ့ကစစ်ဘေးရှောင်ပြည်သူတွေအတွက်အဝတ်အစားတွေအတွက်အလှူခံပေးတာ2ရက်နေ့နောက်ဆုံးထားပို့ပေးလို့ရပါတယ်နော်။တချို့လဲချက်ချင်းပို့ဖို့အဆင်မပြေကြသေးဘူးကြားလို့ပါဒီလိုအခြေအနေမှာကူညီလှူဒါန်းလိုတဲ့အလှူရှင်တွေရဲ့ရက်ရောမှုကိုပဲကျေးဇူးတင်လှပါပီရှင်။
ကိုယ်တိုင်ခံစားနေရမှဒုက္ခလိူ့မမြင်စေချင်ပါဘူး ကိုယ်ချင်းစာစိတ်လေးတွေနဲ့လှူတဲ့အလှူမို့ထိရောက်စွာလှူဒါန်းပေးမှာပါ။အချိန်ကန့်သတ်တယ်ဆိုတာကလဲအလှူရှင်တွေလှုလိုက်တဲ့ပစ္စည်းတွေကိုစစ်ဘေးရှောင်စခန်းတွေဆီပို့ပေးနိုင်ဖို့အချိန်မီရောက်ဖို့လဲလိုတာမို့အခုလို 2ရက်နေ့နောက်ဆုံးလို့ပြောရတာပါဒီတသုတ်မမီလိုက်တဲ့အလှူရှင်တေလဲနောက်ထပ်တစ်ခါထပ်ပီးအလှူခံပိုစ့်တင်တဲ့အခါအားတက်သရောပါဝင်ပေးကြပါဦးလို့ပြည်သူအချင်းချင်းကူညီမှသာအဆင်ပြေမယ့်အခြေအနေမို့ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံဆက်သွယ်လှူဒါန်းပေးကြပါနော်။နယ်ဝေးမှအလှူရှင်များကိုလဲအချိန်ရစေချင်လို့ပါနိုင်ငံရပ်ခြားမှအလှူရှင်များကိုလဲကျေးဇူးအထူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးရေးသားကာစစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားတွေအလှူခံပေးနေတာဖြစ်ပါတယ်။ ပရိသတ်တွေလည်းတတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒါန်းပေးနိုင်ဖို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit