ကားထဲကနေမေ့ပြီး ပြန်မထုတ်ဖြစ်သေးတဲ့ ဓား(၃)ချောင်းကိုရန်ကုန်အဝင်ဂိတ်ကစစ်တဲ့အချိန်မှာမိသွားတဲ့သူ့ရဲ့အဖြစ်အပျက်ကိုပြောပြလာတဲ့ ထူးအယ်လင်း
ပရိတ်သတ်ကြီးအဆိုတော်ထူးအယ်လင်းတစ်ယောက်လက်ရှိမှာပရဟိတအလုပ်တွေကိုအားကြိုးမာန်တက်လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။လတ်တလောအခြေအနေများကြောင့်စားဝတ်နေရေးခက်ခဲနေကြသောပြည်သူများကိုကိုယ်တိုင်သွားရောက်ကာလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။မကြာသေးခင် ရက်ပိုင်းလောက်ကလည်းကချင်ပြည်နယ်ကစစ်ဘေးရှောင်စခန်းများသို့စားနပ်ရိက္ခာများသွားရောက်ကူညီထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။
မနေ့ညကထူးအယ်လင်းရဲ့လူမှုကွန်ယက်တွင် ရန်ကုန်ပြန်လာတဲ့လမ်းမှာကားစစ်ခံရပြီးဓားသုံးချောင်းမိသွားတဲ့သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြလာတာဖြစ်ပါတယ်။သူကတော့ခေါင်လန်ဖူးဒေသတွင်သွားကူညီတုန်းကတောရှင်းဖို့အတွက် ဓားအရှည်သုံးချောင်းကိုပူတာအိုဈေးကနေဝယ်ထားတာဖြစ်ပြီးအကြောင်းကြောင်းကြောင့်ကားထဲကနေမထုတ်ထားမိတာဖြစ်ပါတယ်။မိသွားတဲ့အချိန်တွင်အကျိုးအကြောင်းရှင်းပြလိုက်တာကြောင့်ကံကောင်းထောက်မစွာပြန်လွှတ်ပေးခဲ့တာကိုလည်းအခုလိုပြောပြထားတာဖြစ်ပါတယ်။
ခေါင်လန်ဖူးဒေသသွားကူညီတုန်းကတောရှင်းဖို့ ဓားရှည်သုံးချောင်းကိုပူတာအိုဈေးကဝယ်ထားပြီးအလှူကိစ္စပြီးတော့ရန်ကုန်အပြန်ဓားသုံးချောင်းကိုမေ့ပြီးကားထဲထည့်ထားပြီးမထုတ်မိတာဂိတ်ကစစ်တော့၁၉/င နဲ့ငြိတော့မလို့ ကံကောင်းထောက်မစွာနဲ့ပဲအကြောင်းအကျိုးရှင်းပြပြောပြလိုက်တာပြန်လွှတ်လိုက်ပေးတယ်ကျေးဇူးပါဗျာ။စစ်ခံထိတာထောက်ကြန့်အမှတ် ၃လမ်းဆုံဂိတ်အိမ်းလှသိန်းတို့သတိထားကြပ်ကြပ်မေ့ကြပ်ကြပ်မေ့အကုန်ရပ်ကုန်မယ်ဆိုပြီး သူကံကောင်းခဲ့ပုံကိုရေးသားထားတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့်နေရာမျိုးစုံတွင်စစ်ဆေးရေးတွေများစွာ ရှိနေတာဖြစ်ပါတယ်။အကြောင်းတစ်ခုခုကြောင့် ခရီးထွက်ရမယ်ဆိုပါကအန္တရာယ်ဖြစ်စေမယ့် အရာမျိုးကိုအိမ်တွင်သေချာစစ်ဆေးပြီးမှသာ စထွက်သင့်ကြောင်းသတိပေးလိုက်ပါရစေ။
Zawgyi Version
ပရိတ္သတ္ႀကီးအဆိုေတာ္ထူးအယ္လင္းတစ္ေယာက္လက္ရွိမွာပရဟိတအလုပ္ေတြကို အားႀကိဳးမာန္တက္လုပ္ကိုင္ေဆာင္႐ြက္ေနသူ တစ္ဦးျဖစ္ပါတယ္။လတ္တေလာအေျခအေနမ်ားေၾကာင့္စားဝတ္ေနေရးခက္ခဲေနၾကေသာ ျပည္သူမ်ားကိုကိုယ္တိုင္သြားေရာက္ကာလႉဒါန္းေပးေနတာလည္းျဖစ္ပါတယ္။
မေန႕ညကထူးအယ္လင္းရဲ႕လူမႈကြန္ယက္တြင္ ရန္ကုန္ျပန္လာတဲ့လမ္းမွာကားစစ္ခံရၿပီးဓားသုံးေခ်ာင္းမိသြားတဲ့သူ႕ရဲ႕အျဖစ္ကို ျပန္လည္ေျပာျပလာတာျဖစ္ပါတယ္။သူကေတာ့ေခါင္လန္ဖူးေဒသတြင္သြားကူညီတုန္းကေတာရွင္းဖို႔အတြက္ ဓားအရွည္သုံးေခ်ာင္းကိုပူတာအိုေဈးကေနဝယ္ထားတာျဖစ္ၿပီးအေၾကာင္းေၾကာင္းေၾကာင့္ကားထဲကေနမထုတ္ထားမိတာျဖစ္ပါတယ္။မိသြားတဲ့အခ်ိန္တြင္အက်ိဳးအေၾကာင္းရွင္းျပလိုက္တာေၾကာင့္ကံေကာင္းေထာက္မစြာျပန္လႊတ္ေပးခဲ့ တာကိုလည္းအခုလိုေျပာျပထားတာျဖစ္ပါတယ္။
ေခါင္လန္ဖူးေဒသသြားကူညီတုန္းကေတာရွင္းဖို႔ ဓားရွည္သုံးေခ်ာင္းကိုပူတာအိုေဈးကဝယ္ထားၿပီးအလႉကိစၥၿပီးေတာ့ရန္ကုန္အျပန္ဓားသုံးေခ်ာင္းကိုေမ့ၿပီးကားထဲထည့္ထားၿပီးမထုတ္မိတာဂိတ္ကစစ္ေတာ့၁၉/င နဲ႕ၿငိေတာ့မလို႔ ကံေကာင္းေထာက္မစြာနဲ႕ပဲအေၾကာင္းအက်ိဳးရွင္းျပေျပာျပလိုက္တာျပန္လႊတ္လိုက္ေပးတယ္ေက်းဇူးပါဗ်ာ။စစ္ခံထိတာေထာက္ၾကန႔္အမွတ္ ၃လမ္းဆုံဂိတ္အိမ္းလွသိန္းတို႔သတိထားၾကပ္ၾကပ္ေမ့ၾကပ္ၾကပ္ေမ့အကုန္ရပ္ကုန္မယ္ဆိုၿပီး သူကံေကာင္းခဲ့ပုံကိုေရးသားထားတာျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနေသာအေျခအေနမ်ားေၾကာင့္ေနရာမ်ိဳးစုံတြင္စစ္ေဆးေရးေတြမ်ားစြာ ရွိေနတာျဖစ္ပါတယ္။အေၾကာင္းတစ္ခုခုေၾကာင့္ ခရီးထြက္ရမယ္ဆိုပါကအႏၱရာယ္ျဖစ္ေစမယ့္ အရာမ်ိဳးကိုအိမ္တြင္ေသခ်ာစစ္ေဆးၿပီးမွသာ စထြက္သင့္ေၾကာင္းသတိေပးလိုက္ပါရေစ။
Credit